Connect with us

Hi, what are you looking for?

News

မောင်းပြန်အပါအဝင် စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရေးအတွက် ပြည်သူများကို PSPT အကူအညီတောင်းခံ

Sub Machine Gun တစ်လက်ကို သိန်း ၅၀ နီးပါးအထိ စျေးကွက်ထဲ၌ ပေးဝယ်နေရချိန်တွင် ကိုယ်တိုင်ထုတ် လုပ်ထားသည့် စျေးနှုန်း ၄ဆလောက် သက်သာသော မောင်းပြန်များကို ပြည်သူ့ကာကွယ်ရေးတပ်သားများအတွက် PSPTက ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။

▪️အကြမ်းဖက်စစ်ကောင်စီကို တန်ပြန်ခြိမ်းခြောက်နိုင်မည့် လက်နက်များကို မကြာမီ မိတ်ဆက်မည်ဟုဆို

ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ (PSPT)သည် မောင်းပြန်သေနတ်ကို လာမည့်လတွင် မိတ်ဆက်သွားမည်ဖြစ်ပြီး အခြားသောလက်နက်များကိုလည်း မကြာမီချပြသွားမည်ဟု ယမန်နေ့က သတင်းထုတ်ပြန်သည်။

လက်နက်ပြည့်စုံရေးက တော်လှန်ရေးအောင်မြင်ရန် လွန်စွာအရေးပါပြီး အဆိုပါလက်နက်များ ထုတ်လုပ်ရေးအတွက် ပြည်သူလူထု၏ အကူအညီများကို လိုအပ်ကြောင်း PSPT က ဆိုသည်။

“ယခု နောက်ထပ် ထပ်တိုးထုတ်လုပ်မှုအနေနဲ့ Urban Warfare တွေမှာ စစ်ကောင်စီတပ်ကို ကောင်းကောင်းခြိမ်းခြောက်နိုင်မယ့် မောင်းပြန်ကို နောက်လထဲမှာ မိတ်ဆက်သွားပါ့မယ်။ ဒီ project တွေရဲ့ Trial Production ဟာလည်း အောင်မြင်ပြီးသားဖြစ်ပါတယ်။ Mass Production အဆင့်ထုတ်လုပ်နိုင်မယ့် အနေ အထားထိရောက်အောင် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ ကုန်ကြမ်းတွေအတွက် ပြည်သူတွေရဲ့ ထောက်ပံ့မှု ထပ်မံလိုအပ်နေပါသေးတယ်ခင်ဗျ”ဟု PSPTက ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

Sub Machine Gun တစ်လက်ကို သိန်း ၅၀ နီးပါးအထိ စျေးကွက်ထဲ၌ ပေးဝယ်နေရချိန်တွင် ကိုယ်တိုင်ထုတ် လုပ်ထားသည့် စျေးနှုန်း ၄ဆလောက် သက်သာသော မောင်းပြန်များကို ပြည်သူ့ကာကွယ်ရေးတပ်သားများအတွက် PSPTက ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။

“ကျွန်တော်တို့တွေရော PDF ရဲဘော်တွေရော အိမ်ပြန်ချင်ပြီဗျာ။ အားလုံးအိမ်အမြန်ဆုံးပြန်ကြရဖို့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အကူအညီများ လိုအပ်ပါတယ်။ ဒါကြောင့် လက်နက်နှင့်ပတ်သက်တဲ့ နည်းပညာနယ်ပယ် မှ CDM စစ်သားတွေရဲ့အင်အားနဲ့ တော်လှန်ရေး တစ်တောင့်တစ်နေရာကနေ ပါဝင်နိုင်ဖို့ ကြိုးစားနေတဲ့ PSPT အဖွဲ့ကို ဝိုင်းဝန်းကူညီ‌ပေးဖို့ တိုက်တွန်းပါရစေ”ဟု ထုတ်ပြန်သည်။

ကူညီနိုင်သည့် နည်းလမ်းများကို PSPT(People Soldiers’ Production Team) Page messenger မှ ဆက်သွယ်နိုင်ပြီး အသေးစိတ်ကို PSPT Telegram https://t.me/PSPT2021 တွင် ဆက်သွယ်စုံစမ်းပေးရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေနတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။