Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ကို အမေရိကန်က လက်နက်ရောင်းမှာ မဟုတ်ပါဘူးလို့ အိမ်ဖြူတော်ပြော

အမေရိကန်က တရုတ်ဆီကို တကယ်တမ်း လက်နက်ရောင်းဖို့ အစီအစဉ် မရှိပါဘူးလို့ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

အမေရိကန်က တရုတ်ဆီကို တကယ်တမ်း လက်နက်ရောင်းဖို့ အစီအစဉ် မရှိပါဘူးလို့ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

ဒါဟာ အစောပိုင်းတုန်းက အမေရိကန် သံအရာရှိ တစ်ဦးက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်ဆီ လက်နက်တွေ ဝယ်မလားလို့ မေးခဲ့ကြောင်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တုံ့ပြန် ဖြေရှင်းတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရှီဟာ ဝါရှင်တန်ဒီစီ မြို့တော်ဆီ တရားဝင် အလည်အပတ် ခရီးစဉ် လာရောက်ပြီး ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတနှစ်ဦး တွေ့ဆုံချိန်မှာတော့ ထိုင်ဝမ်ကို အမေရိကန်က စစ်လက်နက်တွေ ရောင်းချပေးနေတာနဲ့ ပတ်သက်ပြီး တရုတ်အနေနဲ့ စိုးရိမ်တဲ့အကြောင်း ရှီက ထရမ့်ကို ပြောကြားခဲ့ပါတယ်။

အဲဒီအခါ ထရမ့်က အမေရိကန်ဟာ ကမ္ဘာအနှံ့ကို လက်နက်တွေ ရောင်းချပေးနေကြောင်း၊ တရုတ်ကသာ ဝယ်ချင်တယ်ဆိုရင် တရုတ်ကိုလည်း လက်နက်တချို့ ရောင်းချပေးနိုင်ကြောင်း တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအကြောင်းကို မီဒီယာတွေဆီ ပြောပြခဲ့သူကတော့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒေးဗစ်ပါဂျူး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က အဲဒီလို ပြောခဲ့ပေမယ့် သမ္မတ နှစ်ယောက်ဟာ ဒီအကြောင်းကို ဆက်မဆွေးနွေးဘဲ တခြားအရောင်းအဝယ် ကိစ္စတွေ အတွက်သာ စကားပြောခဲ့ကြတယ်လို့လည်း ပါဂျူးက ဆိုပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့မှာတော့ အိမ်ဖြူတော်က တရုတ်ဆီ လက်နက်ရောင်းပေးမယ့် အစီအစဉ်မျိုး မရှိပါဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်ဆီ လက်နက်တွေ ရောင်းဖို့ အမေရိကန် အစိုးရမှာ အစီအစဉ် မရှိဘူးလို့ အိမ်ဖြူတော် အရာရှိ တစ်ဦးက AFP သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်ရေးအရ တိုက်ခိုက် သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အမေရိကန်က ထိုင်ဝမ်ကို လွတ်လပ်တဲ့ နိုင်ငံတစ်ခု အနေနဲ့ အသိအမှတ် ပြုမထားပေမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ ကျွန်းနိုင်ငံလေးအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ စစ်လက်နက်တွေ ရောင်းချပေးနေပါတယ်။ အမေရိကန် ဖွဲ့စည်းပုံ ဥပဒေကလည်း ထိုင်ဝမ်ရဲ့ လုံခြုံရေးကို အကူအညီပေးဖို့ စစ်လက်နက်တွေ ထောက်ပံ့ရောင်းချပေးရေး ပြဋ္ဌာန်းထားပါတယ်။

မနှစ်က ဒီဇင်ဘာလတုန်းက အမေရိကန်ဟာ ထိုင်ဝမ်အတွက် ဒေါ်လာ ၁၁.၁ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချပေးဖို့ သဘောတူ လက်ခံခဲ့ပါတယ်။ ပါဂျူးကတော့ ၁၉၇၉ နောက်ပိုင်း ဘယ်အမေရိကန် သမ္မတထက်မဆို ထရမ့်ဟာ ထိုင်ဝမ်အတွက် လက်နက်တွေ အများဆုံး ရောင်းချပေးခဲ့တယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင်နဲ့ ပိုင်နက် အငြင်းပွားမှုတွေ ရှိနေရာ တောင်တရုတ်ပင်လယ် အစိတ်အပိုင်းမှာ တရုတ်က ရေပြင်နဲ့ဝေဟင် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံဆီကို ပန်ဒါဝက်ဝံနှစ်ကောင်ကို တရုတ် အစိုးရက အငှားပေးပို့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်က ဖိအားပေးနေမှုတွေကို တရုတ်က ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဆန့်ကျင်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ ခရီးစဉ် ပြီးဆုံးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ပြန်လည် ထွက်ခွာခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Facebook