Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကပ်ရောဂါ ဖိစီးနေချိန်မှာ ဒုံးကျည် ထပ်စမ်းသပ်ပြန်တဲ့ မြောက်ကိုရီးယား

ဒုံးကျည်တွေဟာ အမြင့် ၉၀ ကီလိုမီတာလောက်ထိ ပျံတက်ပြီး ကီလိုမီတာ ၃၆၀ လောက် အကွာအဝေးထိ ရောက်ရှိချိန်မှာ ပင်လယ်ထဲ ကျဆင်းသွားခဲ့ပါတယ်။ အမြင့်ဆုံး မြန်နှုန်းဟာ အသံရဲ့ မြန်နှုန်း ၅ ဆလောက်ထိ ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပြည်တွင်းမှာ ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှုတွေ ဖြစ်ပွားနေကြောင်း ပထမဆုံးအကြိမ် ဝန်ခံခဲ့တဲ့ အချိန်မှာပဲ မြောက်ကိုရီးယားက နောက်ထပ် ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ ကိုဗစ်ကပ်ရောဂါ အစပြုခဲ့ချိန် ၂ နှစ်ခွဲလောက် ကာလတလျှောက် ပြည်တွင်းမှာ ကူးစက်မှုတွေ ရှိနေတယ်လို့ လုံးဝ မကြေညာခဲ့ပါဘူး။ ဒါဟာ သတင်း ထိမ်ချန်ထားတာ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပေမယ့် အထီးကျန် ကွန်မြူနစ်နိုင်ငံ အတွင်းထဲမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို ပြင်ပကနေ ခန့်မှန်းဖို့ ခက်ခဲလွန်းနေပါတယ်။

အခု သီတင်းပတ်မှာတော့ Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကြောင့် ပြည်တွင်းမှာ ရောဂါ ကူးစက်မှုတွေ စတင် ဖြစ်ပေါ်နေကြောင်း မြောက်ကိုရီးယား အစိုးရက အတည်ပြုခဲ့ပါတယ်။ ကူးစက်မှု အရှိန်အဟုန်က အရမ်းမြန်ဆန်ပြီး လူပေါင်း ၃ သိန်းခွဲထက်မနည်း ရောဂါ ခံစားခဲ့ရသလို ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီးပြီလို့လည်း အစိုးရ သတင်းဌာနတွေက ဖော်ပြပါတယ်။ လက်တွေ့မှာတော့ အခြေအနေတွေက ဒီထက် အများကြီး ဆိုးနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ပြည်တွင်းမှာ ကျန်းမာရေး ကပ်ဘေးကြီး ဆိုးဆိုးရွားရွား ကြုံနေတဲ့ အချိန်မှာပဲ မေလ ၁၂ ရက်က မြောက်ကိုရီးယား စစ်တပ်ဟာ အရှေ့ဖက် ကမ်းလွန်ကို ဒုံးကျည် ၃ စင်း ပစ်ခတ်ခဲ့ပါတယ်။ တာတိုပစ် ဒုံးကျည် ၃ စင်းဟာ ဆူဒန် ဒေသတဝိုက်ကနေ ပျံတက်လာတာလို့ ဂျပန်နဲ့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒုံးကျည်တွေဟာ အမြင့် ၉၀ ကီလိုမီတာလောက်ထိ ပျံတက်ပြီး ကီလိုမီတာ ၃၆၀ လောက် အကွာအဝေးထိ ရောက်ရှိချိန်မှာ ပင်လယ်ထဲ ကျဆင်းသွားခဲ့ပါတယ်။ အမြင့်ဆုံး မြန်နှုန်းဟာ အသံရဲ့ မြန်နှုန်း ၅ ဆလောက်ထိ ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မြောက်ကိုရီးယားဟာ မကြာသေးခင်က နိုင်ငံရဲ့ အကြီးမားဆုံး တိုက်ချင်းပစ် ဒုံးကျည် အမျိုးအစားသစ် တစ်ခုကိုလည်း စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၇ နောက်ပိုင်း မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲမှု လုပ်ဆောင်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားဖက်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ အနိမ့်ပျံနေတဲ့ ဒုံးကျည်တစ်စင်းဟာ ကမ်းရိုးတန်း တစ်နေရာမှာ တည်ဆောက်ထားတဲ့ ပစ်မှတ် အဆောက်အအုံဆီ ဦးတည်နေတာကို တွေ့ရပါတယ်။