Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကပ်ရောဂါ ဖိစီးနေချိန်မှာ ဒုံးကျည် ထပ်စမ်းသပ်ပြန်တဲ့ မြောက်ကိုရီးယား

ဒုံးကျည်တွေဟာ အမြင့် ၉၀ ကီလိုမီတာလောက်ထိ ပျံတက်ပြီး ကီလိုမီတာ ၃၆၀ လောက် အကွာအဝေးထိ ရောက်ရှိချိန်မှာ ပင်လယ်ထဲ ကျဆင်းသွားခဲ့ပါတယ်။ အမြင့်ဆုံး မြန်နှုန်းဟာ အသံရဲ့ မြန်နှုန်း ၅ ဆလောက်ထိ ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပြည်တွင်းမှာ ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှုတွေ ဖြစ်ပွားနေကြောင်း ပထမဆုံးအကြိမ် ဝန်ခံခဲ့တဲ့ အချိန်မှာပဲ မြောက်ကိုရီးယားက နောက်ထပ် ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ ကိုဗစ်ကပ်ရောဂါ အစပြုခဲ့ချိန် ၂ နှစ်ခွဲလောက် ကာလတလျှောက် ပြည်တွင်းမှာ ကူးစက်မှုတွေ ရှိနေတယ်လို့ လုံးဝ မကြေညာခဲ့ပါဘူး။ ဒါဟာ သတင်း ထိမ်ချန်ထားတာ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပေမယ့် အထီးကျန် ကွန်မြူနစ်နိုင်ငံ အတွင်းထဲမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို ပြင်ပကနေ ခန့်မှန်းဖို့ ခက်ခဲလွန်းနေပါတယ်။

အခု သီတင်းပတ်မှာတော့ Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကြောင့် ပြည်တွင်းမှာ ရောဂါ ကူးစက်မှုတွေ စတင် ဖြစ်ပေါ်နေကြောင်း မြောက်ကိုရီးယား အစိုးရက အတည်ပြုခဲ့ပါတယ်။ ကူးစက်မှု အရှိန်အဟုန်က အရမ်းမြန်ဆန်ပြီး လူပေါင်း ၃ သိန်းခွဲထက်မနည်း ရောဂါ ခံစားခဲ့ရသလို ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီးပြီလို့လည်း အစိုးရ သတင်းဌာနတွေက ဖော်ပြပါတယ်။ လက်တွေ့မှာတော့ အခြေအနေတွေက ဒီထက် အများကြီး ဆိုးနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ပြည်တွင်းမှာ ကျန်းမာရေး ကပ်ဘေးကြီး ဆိုးဆိုးရွားရွား ကြုံနေတဲ့ အချိန်မှာပဲ မေလ ၁၂ ရက်က မြောက်ကိုရီးယား စစ်တပ်ဟာ အရှေ့ဖက် ကမ်းလွန်ကို ဒုံးကျည် ၃ စင်း ပစ်ခတ်ခဲ့ပါတယ်။ တာတိုပစ် ဒုံးကျည် ၃ စင်းဟာ ဆူဒန် ဒေသတဝိုက်ကနေ ပျံတက်လာတာလို့ ဂျပန်နဲ့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒုံးကျည်တွေဟာ အမြင့် ၉၀ ကီလိုမီတာလောက်ထိ ပျံတက်ပြီး ကီလိုမီတာ ၃၆၀ လောက် အကွာအဝေးထိ ရောက်ရှိချိန်မှာ ပင်လယ်ထဲ ကျဆင်းသွားခဲ့ပါတယ်။ အမြင့်ဆုံး မြန်နှုန်းဟာ အသံရဲ့ မြန်နှုန်း ၅ ဆလောက်ထိ ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မြောက်ကိုရီးယားဟာ မကြာသေးခင်က နိုင်ငံရဲ့ အကြီးမားဆုံး တိုက်ချင်းပစ် ဒုံးကျည် အမျိုးအစားသစ် တစ်ခုကိုလည်း စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၇ နောက်ပိုင်း မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲမှု လုပ်ဆောင်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ပင်လယ်ပြင်ဖက်ကို မြောက်ကိုရီးယားက ဒုံးကျည်တချို့ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။