Connect with us

Hi, what are you looking for?

သတင်း

“နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် မြောက်ဒဂုံရှိ ရဲထောက်ပံ့ရေးဌာန ရဲကင်းဘန်ကာကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနှစ်ဦး​သေ

“ပစ်တဲ့သူတွေကတော့ လွတ်တယ်လို့သိရတယ်။ စခ တွေဘက်က အထိအခိုက် ရှိ၊မရှိမသိရသေး ပေမယ့် ကင်းပုန်းဝပ်နေတာတွေတော့ မြို့တွင်း မှာတော်တော်များများ တွေ့ရတယ်”ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက အသိပေးသည်။

နန်းထိုက်အောင်
နန်းထိုက်အောင်

▪️စစ်ဆင်ရေးကိုရဲဌာနတွင်းမှ ကူညီဆောင်ရွက်ပေးခဲ့သည့် ဖရဲသီးရဲဘော်များကို မှတ်တမ်းတင်ဂုဏ်ပြုဟု​ပြော

နန်းထိုက်အောင်“စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ ရဲထောက်ပံ့ရေးဌာန ရဲကင်းဘန်ကာကို ပစ် ခတ်တိုက်ခိုက်ခဲ့ပြီး ရဲနှစ်ဦးသေဆုံးကာ ဒဏ်ရာရသူများနိုင်ကြောင်း အဆိုပါစစ်ဆင်ရေး တာဝန်ခံက ပြောသည်။

အမှတ် (၂)လမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရဲကင်းဘန်ကာကို အထူးတပ်ဖွဲ (တောင်ပိုင်းတိုင်း)အဖွဲ့က ယနေ့( ဇူလိုင် ၁၄ရက်) နံနက် ၆နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ဘန်ကာထဲက ရဲခွေးနှစ်ကောင်တော့ ပွဲချင်းပြီးပဲ။ ဒဏ်ရာရအရေအတွက်တော့ များနိုင်ပေမယ့် အတိအကျ မသိရသေးဘူး”ဟု နန်းထိုက်အောင်စစ်ဆင်ရေး တာဝန်ခံက ရှင်းပြသည်။

အဆိုပါစစ်ဆင်ရေးကို အချိန်ယူပြင်ဆင်ခဲ့ရပြီးရဲဌာနတွင်းမှ ကူညီဆောင်ရွက်ပေးခဲ့သည့် ဖရဲသီးရဲဘော်များကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“မနက် အစောအလုပ်သွားဖို့ ပြင်နေတုန်းကြားတဲ့ သေနတ်သံ ၁၀ချက်ကျော်တယ်။နောက်ဆက်တွဲတော့ မသိရသေးဘူး”ဟု မြောက်ဒဂုံ (၁၆)ရပ်ကွက်တွင် နေထိုင်သူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် မြောက်ဒဂုံမြို့နယ်ရှိလမ်းမများပေါ်၌ စစ်ကောင်စီတပ်က ရဲကားသုံးစီးအပါအဝင် အိမ်စီးကားများဖြင့် ကင်းလှည့်နေသည်ဟုလည်း ဒေသခံသတင်းရင်း မြစ်များက ​ပြောသည်။

“ပစ်တဲ့သူတွေကတော့ လွတ်တယ်လို့သိရတယ်။ စခ တွေဘက်က အထိအခိုက် ရှိ၊မရှိမသိရသေး ပေမယ့် ကင်းပုန်းဝပ်နေတာတွေတော့ မြို့တွင်း မှာတော်တော်များများ တွေ့ရတယ်”ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက အသိပေးသည်။

၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအရ ရက်ပေါင်း ၆၀အတွင်း စစ်ကောင် စီပစ်မှတ် ၉၁ ခုအား တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ ကျော်ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက အသိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွက် စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ကနဦး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက သတင်းထုတ်ပြန်ပါတယ်။