Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ် မြောက်ဒဂုံရှိ ရဲထောက်ပံ့ရေးဌာန ရဲကင်းဘန်ကာကို ပစ်ခတ်တိုက်ခိုက်ရာ ရဲနှစ်ဦး​သေ

“ပစ်တဲ့သူတွေကတော့ လွတ်တယ်လို့သိရတယ်။ စခ တွေဘက်က အထိအခိုက် ရှိ၊မရှိမသိရသေး ပေမယ့် ကင်းပုန်းဝပ်နေတာတွေတော့ မြို့တွင်း မှာတော်တော်များများ တွေ့ရတယ်”ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက အသိပေးသည်။

နန်းထိုက်အောင်
နန်းထိုက်အောင်

▪️စစ်ဆင်ရေးကိုရဲဌာနတွင်းမှ ကူညီဆောင်ရွက်ပေးခဲ့သည့် ဖရဲသီးရဲဘော်များကို မှတ်တမ်းတင်ဂုဏ်ပြုဟု​ပြော

နန်းထိုက်အောင်“စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ ရဲထောက်ပံ့ရေးဌာန ရဲကင်းဘန်ကာကို ပစ် ခတ်တိုက်ခိုက်ခဲ့ပြီး ရဲနှစ်ဦးသေဆုံးကာ ဒဏ်ရာရသူများနိုင်ကြောင်း အဆိုပါစစ်ဆင်ရေး တာဝန်ခံက ပြောသည်။

အမှတ် (၂)လမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရဲကင်းဘန်ကာကို အထူးတပ်ဖွဲ (တောင်ပိုင်းတိုင်း)အဖွဲ့က ယနေ့( ဇူလိုင် ၁၄ရက်) နံနက် ၆နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ဘန်ကာထဲက ရဲခွေးနှစ်ကောင်တော့ ပွဲချင်းပြီးပဲ။ ဒဏ်ရာရအရေအတွက်တော့ များနိုင်ပေမယ့် အတိအကျ မသိရသေးဘူး”ဟု နန်းထိုက်အောင်စစ်ဆင်ရေး တာဝန်ခံက ရှင်းပြသည်။

အဆိုပါစစ်ဆင်ရေးကို အချိန်ယူပြင်ဆင်ခဲ့ရပြီးရဲဌာနတွင်းမှ ကူညီဆောင်ရွက်ပေးခဲ့သည့် ဖရဲသီးရဲဘော်များကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“မနက် အစောအလုပ်သွားဖို့ ပြင်နေတုန်းကြားတဲ့ သေနတ်သံ ၁၀ချက်ကျော်တယ်။နောက်ဆက်တွဲတော့ မသိရသေးဘူး”ဟု မြောက်ဒဂုံ (၁၆)ရပ်ကွက်တွင် နေထိုင်သူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် မြောက်ဒဂုံမြို့နယ်ရှိလမ်းမများပေါ်၌ စစ်ကောင်စီတပ်က ရဲကားသုံးစီးအပါအဝင် အိမ်စီးကားများဖြင့် ကင်းလှည့်နေသည်ဟုလည်း ဒေသခံသတင်းရင်း မြစ်များက ​ပြောသည်။

“ပစ်တဲ့သူတွေကတော့ လွတ်တယ်လို့သိရတယ်။ စခ တွေဘက်က အထိအခိုက် ရှိ၊မရှိမသိရသေး ပေမယ့် ကင်းပုန်းဝပ်နေတာတွေတော့ မြို့တွင်း မှာတော်တော်များများ တွေ့ရတယ်”ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက အသိပေးသည်။

၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအရ ရက်ပေါင်း ၆၀အတွင်း စစ်ကောင် စီပစ်မှတ် ၉၁ ခုအား တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ ကျော်ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။