Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်စီရင်မှု ပြည်တွင်းစစ်ကို ပိုမိုပြင်းထန်စေမည်ဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာများကို စစ်ကောင်စီတာဝန်ယူရမည်ဟု MNDAA၊ AAနှင့် TNLA ပူးတွဲထုတ်ပြန်

စစ်ကောင်စီ အဆိုပြုထားသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လမ်းစဉ်နှင့် လည်းလုံး၀ ဆန့်ကျင်နေသောကြောင့် စစ်ကောင်စီ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း MNDAA၊ AAနှင့် TNLA တို့က ထုတ်ပြန်သည်။

MNDAA၊ AAနှင့် TNLA ပူးတွဲထုတ်ပြန်
MNDAA၊ AAနှင့် TNLA ပူးတွဲထုတ်ပြန်

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား သေဒဏ်စီရင် လိုက်ခြင်းသည် ပြည်သူတစ်ရပ်လုံး၏ ဒေါသစိတ်နှင့် ပြည်တွင်းစစ်များကို ပိုမိုပြင်းထန်စေ မည်ဖြစ်ပြီး ဖြစ်လာသည့် နောက်ဆက်တွဲ ပြဿနာအားလုံးကို စစ်ကောင်စီမှ တာဝန်ယူရမည်ဟု ကိုးကန့်(MNDAA)၊ ရခိုင်(AA)နှင့် တအာင်း(TNLA) လက်နက်ကိုင် တပ်ဖွဲ့များက ပူးတွဲထုတ်ပြန် ကြေညာခဲ့သည်။

ထိုသို့ ယုတ္တိမရှိသည့် ပြစ်မှုဖြင့် နိုင်ငံရေးအမြင်မတူသည့် ပုဂ္ဂိုလ် လေးဦးကို သေဒဏ်စီရင် လိုက်ခြင်းသည် လက်ရှိ ကမ္ဘာ့နိုင်ငံရေး၏ စံထားချက်များနှင့် ဆန့်ကျင်နေသကဲ့သို့ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာစာတမ်း၊ အပြည်ပြည်ဆိုင်ရာနိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေး ကွန်ဗန်းရှင်းများကို ဆိုးဝါးစွာချိုးဖောက်နေကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အာဆီယံနိုင်ငံ ဂျာကာတာ ထိပ်သီးအစည်းအဝေးမှ သဘောတူဆုံးဖြတ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ၅ရပ်အပါအဝင် မြန်မာ့အရေးကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းမည့် လမ်းစဉ်များနှင့်လည်း လုံး၀ဆန့်ကျင် နေကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ အဆိုပြုထားသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လမ်းစဉ်နှင့် လည်းလုံး၀ ဆန့်ကျင်နေသောကြောင့် စစ်ကောင်စီ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း MNDAA၊ AAနှင့် TNLA တို့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သေဒဏ်စီရင်ခြင်းခံရသော သူများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းရကြောင်းနှင့် စစ်ကောင်စီ၏ လုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။