Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ပြည်သူကိုပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ဦးရေများစွာရှိလာပြီးအရေးပေါ် အကူအညီများလိုအပ်နေဟု KNU အသိပေး

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့်ဖြစ်စေ အဖွဲ့အစည်းအလိုက်အနေအဖြင့်ဖြစ်စေ စစ်ဘေးရှောင် ပြည်သူလူထုများ လိုအပ်လျက်ရှိနေသောအကူအညီများကို ကူညီပေးလိုသည့် မည်သည့်လူပဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို KNU အနေဖြင့်လက်ကမ်းကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်သည်။

ကရင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
ကရင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️သထုံနှင့် ညောင်လေးပင် ခရိုင် ၂ခုအတွင်း စစ်ရှောင်တစ်သိန်းခွဲကျော်ရှိပြီး ရိက္ခာနှင့် မိုးကာများ လိုအပ်

▪️စစ်ရှောင်ပြည်သူများအား ကူညီလိုသည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများအား ကြိုဆိုလျက်ရှိဟု KNU ထုတ်ပြန်

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့နှင့် တိုက်ပွဲများဖြစ်ပွားသည့်အချိန်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ပြည်သူလူထုများနေထိုင်သောနေရာများအတွင်းသို့ ပစ်မှတ်ထား တိုက်ခိုက်လာ၍ ပြည်သူများစွာ ကျေးရွာအိုးအိမ်များကိုစွန်လွှတ်၍ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)က အသိပေးသည်။

KNU အုပ်ချုပ်ရေးနယ်မြေ ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ(၁)နှင့် ညောင်လေးပင်ခရိုင် တပ်မဟာ (၃)တို့မှာ စစ်ဘေးရှောင်ပြည်သူ အများဆုံး ထွက်ပြေးတိမ်းရှောင်နေရသော ခရိုင်းများဖြစ်ပြီး ထိုခရိုင်နှစ်ခုအတွင်း၌ စစ်ဘေးရှောင်ပြည်သူ ၁၅၄,၀၀၀ကျော်ရှိကြောင်း ဖော်ပြပြီး ကျန်ခရိုင်များအတွင်းရှိ စစ်ဘေးရှောင်ပြည်သူ အရေအတွက်ကိုစီစစ်နေသည်ဟုဆိုသည်။

KNUနယ်မြေရှိ စစ်ဘေးရှောင်ပြည်သူ များ အတွက် နေရာထိုင်ခင်း၊ လုံခြုံရေး၊ ကျန်းမာရေး၊ စာဝတ်နေရေး လိုအပ်ချက်များကို သက်ဆိုင်ရာခရိုင်တပ်မဟာများအတွင်းရှိ တာဝန်ရှိ ခေါင်းဆောင်များမှာ တတ်နိုင်သည့်ဘက်မှ အကောင်းဆုံး စီစဉ် ဆောင်ရွက်ပေးလျက်ရှိသော်လည်း စစ်ဘေးရှောင်ပြည်သူဦးရေမှာ အများအပြားတိုးပွားလာခြင်းကြောင့် လိုအပ်ချက်များမှာပိုမိုမြင့်မားလာသည်ဟု ဖော်ပြသည်။

လက်ရှိစစ်ဘေးရှောင်များအတွက် အဓိကအားဖြင့် ရိက္ခာနှင့် နေရာထိုင်ခင်းများအတွက် အမိုးအကာများ အများအပြား လိုအပ်လျက်ရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့်ဖြစ်စေ အဖွဲ့အစည်းအလိုက်အနေအဖြင့်ဖြစ်စေ စစ်ဘေးရှောင် ပြည်သူလူထုများ လိုအပ်လျက်ရှိနေသောအကူအညီများကို ကူညီပေးလိုသည့် မည်သည့်လူပဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို KNU အနေဖြင့်လက်ကမ်းကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်သည်။

KNU လက်အောက်ခံ KNLA၊ KNDOတပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ရင်ဆိုင်တိုက်ပွဲ နေတိုင်းဖြစ်ပွားနေပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ၎င်းတို့အထိနာသော ရင်ဆိုင်တိုက်ပွဲများတွင် ပြည်သူလူထုများ နေထိုင်သော ကျေးရွာများ၊ ပုန်းခိုလျက်ရှိသောနေရာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ဖြင့်ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်များဖြင့်လေကြောင်းမှပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း များကို အမြဲတစေပြုလုပ်လေ့ရှိကြောင်း KNUက ထုတ်ပြန်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသားဒိုင်းကားအဖြစ် အသုံးပြုခြင်းများလည်း အများအပြားပြုလုပ်ခဲ့ကြောင်း၊ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ အကြောင်းမဲ့ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုများ ပိုင်ဆိုင်သော အဖိုးတန် ပစ္စည်များကို အတင်းအဓမ္မ သိမ်းယူးခြင်းများကိုလည်း အများအပြားပြုလုပ်လျက် ရှိနေကြောင်း KNUက ဆိုသည်။

ထို့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှအပြစ်မဲ့ပြည်သူများကို အကြောင့်မဲ့ ပစ်သတ်ခြင်းကြောင့် အပြစ်မဲ့ပြည်သူအမြောက်အများ၏ အသက်များစွာဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။