Connect with us

Hi, what are you looking for?

News

ကရင်နီဒေသတွင် အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထားသူ၉၀ကျော်ရှိဟု PKPF ထုတ်ပြန်

PKPFက ထုတ်ပြန်သည့် စာရင်းများအရ ပုဒ်မ အမျိုးမျိုးဖြင့် စွဲချက်တင် ဖမ်းဆီးခံရသူအရေအတွက်မှာ ပုဒ်မ ၅၀၅(က)ဖြင့် ၇၉ ဦး၊ ပုဒ်မ ၃၀၂ ဖြင့် ၇ ဦး၊ ပုဒ်မ ၁၇/ ၁ ဖြင့် ၄ ဦးနှင့် ပုဒ်မ ၁၉/စဖြင့် ၄ ဦးတို့ဖြစ် သည်။

ကရင်နီ(ကယား)ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ မတရား ဖမ်းဆီးထားသူ အနည်းဆုံး ၉၄ဦးရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က အမည်စာရင်းများနှင့်အတူတကွ ထုတ်ပြန် သည်။

PKPFက ထုတ်ပြန်သည့် စာရင်းများအရ ပုဒ်မ အမျိုးမျိုးဖြင့် စွဲချက်တင် ဖမ်းဆီးခံရသူအရေအတွက်မှာ ပုဒ်မ ၅၀၅(က)ဖြင့် ၇၉ ဦး၊ ပုဒ်မ ၃၀၂ ဖြင့် ၇ ဦး၊ ပုဒ်မ ၁၇/ ၁ ဖြင့် ၄ ဦးနှင့် ပုဒ်မ ၁၉/စဖြင့် ၄ ဦးတို့ဖြစ် သည်။

ယခင်က ကယားပြည်နယ်၌ ဖမ်းဆီးခံရသူ ၁၃၄ဦးကျော် ရှိကြောင်း PKPF က ထုတ်ပြန်ခဲ့သော်လည်း လက်ရှိစာရင်းအသေးစိတ် ပြန်လည်ပြုစုရာ၌ ၉၄ဦးသာ ပြုစုနိုင်သေးကြောင်း၊ နိုင်ငံရေးနှင့် ဆက်စပ်ပြီး အဖမ်းခံရမှုမှာ ၉၄ ဦးထက် ပိုများကြောင်း ထုတ်ပြန်ခဲ့သည်။

PKPFက မသိရသေးသည့် ဖမ်းဆီးခံရသူများလည်းရှိရာ ယင်းအတွက်ကြိုးစား ချိတ်ဆက်နေကြောင်း၊ စာရင်း၌ မပါသေးသူများကို PKPF Facebook စာမျက်နှာသို့ ဆက်သွယ်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အရာရှိတွေ တိုက်ခိုက်ခံရတဲ့ တောင်တွင်းကြီးမြို့နယ်က ရန်ကုန်-ပြည်လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။