Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီဒေသတွင် အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထားသူ၉၀ကျော်ရှိဟု PKPF ထုတ်ပြန်

PKPFက ထုတ်ပြန်သည့် စာရင်းများအရ ပုဒ်မ အမျိုးမျိုးဖြင့် စွဲချက်တင် ဖမ်းဆီးခံရသူအရေအတွက်မှာ ပုဒ်မ ၅၀၅(က)ဖြင့် ၇၉ ဦး၊ ပုဒ်မ ၃၀၂ ဖြင့် ၇ ဦး၊ ပုဒ်မ ၁၇/ ၁ ဖြင့် ၄ ဦးနှင့် ပုဒ်မ ၁၉/စဖြင့် ၄ ဦးတို့ဖြစ် သည်။

ကရင်နီ(ကယား)ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ မတရား ဖမ်းဆီးထားသူ အနည်းဆုံး ၉၄ဦးရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က အမည်စာရင်းများနှင့်အတူတကွ ထုတ်ပြန် သည်။

PKPFက ထုတ်ပြန်သည့် စာရင်းများအရ ပုဒ်မ အမျိုးမျိုးဖြင့် စွဲချက်တင် ဖမ်းဆီးခံရသူအရေအတွက်မှာ ပုဒ်မ ၅၀၅(က)ဖြင့် ၇၉ ဦး၊ ပုဒ်မ ၃၀၂ ဖြင့် ၇ ဦး၊ ပုဒ်မ ၁၇/ ၁ ဖြင့် ၄ ဦးနှင့် ပုဒ်မ ၁၉/စဖြင့် ၄ ဦးတို့ဖြစ် သည်။

ယခင်က ကယားပြည်နယ်၌ ဖမ်းဆီးခံရသူ ၁၃၄ဦးကျော် ရှိကြောင်း PKPF က ထုတ်ပြန်ခဲ့သော်လည်း လက်ရှိစာရင်းအသေးစိတ် ပြန်လည်ပြုစုရာ၌ ၉၄ဦးသာ ပြုစုနိုင်သေးကြောင်း၊ နိုင်ငံရေးနှင့် ဆက်စပ်ပြီး အဖမ်းခံရမှုမှာ ၉၄ ဦးထက် ပိုများကြောင်း ထုတ်ပြန်ခဲ့သည်။

PKPFက မသိရသေးသည့် ဖမ်းဆီးခံရသူများလည်းရှိရာ ယင်းအတွက်ကြိုးစား ချိတ်ဆက်နေကြောင်း၊ စာရင်း၌ မပါသေးသူများကို PKPF Facebook စာမျက်နှာသို့ ဆက်သွယ်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

ကယ်ထုတ်ခဲ့သူများတွင် ဘုန်းကြီးနှင့် ကိုရင်များ ၊က​လေူငယ်များ ၊အမျိုးသမီး အများစုပါဝင်ပြီး သက်ကြီးရွယ်အိုနှင့်အရွယ်စုံအမျိုးသားများလည်းပါဝင်သည်။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။

သတင်း

ရှားတော မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က စစ်ကူပေးရန် ၂ကြိမ်ကြိုးစားခဲ့သည်ဟုလည်းပြောပြသည်။