Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်မှာ စစ်ကောင်စီတပ်ကို ကော်သူးလေတပ်မဟာ ၅ က ဝင်တိုက်

မနေ့ စက်တင်ဘာလ(၂၂)ရက်က စစ်ကောင်စီတပ်ရဲ့ လယ်တိုးအခြေစိုက်စခန်းကို ကော်သူးလေတပ်မတော်အမှတ်(၅)တပ်မဟာက ခြံခိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းအရာရှိတစ်သီးက ပြောပါတယ်။

ဖာပွန်မှာ စစ်ကောင်စီတပ်ကို ကော်သူးလေတပ်မဟာ ၅ က ဝင်တိုက်
ဖာပွန်မှာ စစ်ကောင်စီတပ်ကို ကော်သူးလေတပ်မဟာ ၅ က ဝင်တိုက်

ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကော်သူးလေတပ်မတော် အမှတ်(၅)တပ်မဟာက ဝင်ရောက်တိုက်ခဲ့ရာ သုံးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်မှာဖော်ပြထားပါတယ်။

မနေ့ စက်တင်ဘာလ(၂၂)ရက်က စစ်ကောင်စီတပ်ရဲ့ လယ်တိုးအခြေစိုက်စခန်းကို ကော်သူးလေတပ်မတော်အမှတ်(၅)တပ်မဟာက ခြံခိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းအရာရှိတစ်သီးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ(၂၁)ရက် မွန်းလွဲပိုင်းတစ်နာရီအချိန်မှာ စစ်ကောင်စီရဲ့ရဟတ်ယာဉ်နှစ်စီးဟာ မဲ၀ိုင်စခန်းကို စစ်သုံးပစ္စည်းတွေလာရောက်ပို့ဆောင်စဉ် ရဟတ်ယာဉ်တစ်စီးက ဗုံးသီး(၅)လုံးပစ်ချခဲ့ပြီး ကျန်တစ်စီးကတော့ ပစ္စည်းအထုတ်ကြီးတစ်ထုတ်ပစ်ချခဲ့ရာ စခန်းအပြင်ဘက်မှ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို စခန်းအပြင်ဘက်မှာကျရောက်တဲ့အတွက် စခန်းရှိစစ်ကောင်စီတပ်သားတွေက လာရောက်ယူဆောင်နေချိန်မှာ ကော်သူးလေတပ်မတော်တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တချိန်တည်းမှာပဲ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု မထောရွာအတွင်းနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မဲ၀ိုင်ရွာဖက်ကို လက်နက်ကြီးနှစ်လုံး လှမ်းပစ်ခဲ့ပေမယ့် ရွာသားတွေကို ထိခိုက်မှုမရှိခဲ့ကြောင်း ရွာသားတစ်ဦးဆီကနေ သိရပါတယ်။

ဒါ့အပြင် ဖာပွန်မြို့အနီးရှိ ထူမောဒဲရွာတံတားအနီးမှာ ကော်သူးလေတပ်မတော်က ခြံခိုဝင်ရောက်တိုက်ခဲ့လို့ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာခဲ့ကြောင်း မူတြော်သတင်းစဉ်က စုံစမ်းသိရှိရတယ်လို့ ဆိုထားပါတယ်။

စက်တင်ဘာ(၂၁)ရက်နေ့မှာပဲ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့(၁၀၀)ကျော်ခန့်က အုန်းတောလှေဆိပ်ကနေတစ်ဆင့် တပ်မဟာ(၅)နယ်မြေအတွင်းကို ဝင်ရောက်လာခဲ့ကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောကြားပါတယ်။

စက်တင်ဘာ(၂၀)ရက်နေ့ကလည်း ကော်သူးလေတပ်မတော်က စစ်ကောင်စီအခြေစိုက် ဆင်စွယ်စခန်းအနီးမှာ တစ်ကြိမ် နှစ်တောင်ကုန်းမှာ တစ်ကြိမ် ဝင်ရောက်တိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းစစ်ဘက်အရာရှိတစ်ဦးက မူတြော်သတင်းစဉ်ကို ပြောဆိုထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU )တပ်တွေကြားတိုက်ပွဲဆက်ဖြစ်နေပြီးစစ်တပ်ကလေကြောင်းကိုပါသုံးပြီး တိုက်ခိုက်နေတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူပဒိုစောထိုရော်ဘင်က ပြောပါတယ်။