Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်က လယ်မူပလောစစ်တပ်စခန်းကို KNU သိမ်းယူ

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

စက်တင်ဘာ – ၈ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

မူတြော်ခရိုင်မြောက်ပိုင်း၊ လူသောမြို့နယ်မှာရှိတဲ့ ဒေသအခေါ် ထော်မူပလဲမဲစခန်း(လယ်မူပလော)ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ မေလမှာစတင်ကာ KNU တပ်မဟာ(၅)က ဝန်းရံပိတ်ဆို့ထားတာပါ။

အဲဒီနောက်စစ်တပ်စခန်းကို ရိက္ခာဖြတ်တောက်တာ၊မြေပြင်စစ်ကူမပို့နိုင်အောင်လမ်းကြောင်းဖြတ်တောက်တာနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေ အဆက် မပြတ်လုပ်ဆောင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီလို ဝန်းရံပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခံရပြီးနောက်ဒီနေ့ (စက်တင် ဘာလ ၈ ရက်)မနက်ပိုင်းမှာတော့စခန်းကို စစ်သားတွေ စွန့်ခွာ ထွက်ပြေးသွားတာကြောင့် KNU တပ်မဟာ (၅) က တက်ရောက်ရှင်းလင်းပြီးသိမ်း ယူလိုက်တာလို့သိရပါတယ်။

မူတြော်ခရိုင်မြောက်ပိုင်း၊ လူသောမြို့နယ်မှာရှိတဲ့ ထော်မူပလဲမဲ(လယ်မူပလော)စခန်းဟာ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြေစိုက် အာဏာသိမ်းစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ထိုင်တဲ့စခန်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ် ၊ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိကရှေ့ထွက်ကာကင်းတွေရှိရာ အမြင့်ကျွန်းဝန်းကျင်က စစ်တပ်စခန်း နောက်တခုကို အာရက္ခတပ်တော်(AA)က ဒီနေ့ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုကို တပ်အပြောင်းအလဲလုပ်ဖို့ စစ်ကြောင်းဝင်လာတဲ့ စစ်တပ်နဲ့ KNU တပ်တို့ ရက်ပိုင်းအကြာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။