Connect with us

Hi, what are you looking for?

သတင်း

လေးလကြာတဲ့အထိဖာပွန်ဆီစစ်တပ်စစ်ကြောင်းမထိုးဖောက်နိုင်

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ – ၁၅ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

ကမမောင်းမြို့နဲ့ ဖာပွန်မြို့ဟာ ၅၆ မိုင်သာဝေးပြီး သာမာန်အခြေအနေမှာ ကားနဲ့ဆိုရင် နှစ်နာရီနီးပါးသာမောင်းရတာပါ။

အာဏာသိမ်းစစ်တပ်ဟာလက်လွှတ်ထားရတဲ့ဖာပွန်နယ်မြေကို ပြန်ရဖို့ ပြီးခဲ့တဲ့ မေလ ပထမပတ်ကစတင်ပြီးကမမောင်းမြို့ကနေ ဖာပွန်ဆီ ဦးတည်ပြီး စစ်ကြောင်းထိုးခဲ့တာပါ။

Public Service Announcement

Public Service Announcement

လေးလကျော်ကြာချိန်အခုလ စက်တင်ဘာဒုတိယပတ်မှာတော့ ဖာပွန်ဆီမရောက်ဘဲ ကမမောင်း – ဖာပွန် လမ်းပိုင်းပေါ်က ဖားလုံကြီးရွာမှာ စစ်တပ်စစ်ကြောင်းရောက်ရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

အဲဒီရွာဟာ ကမမောင်း နဲ့ ဖာပွန် ကြား မှာတည်ရှိပြီး ဖာပွန်ဆီရောက်ဖို့ ၂၈ မိုင်ခန့် လိုပါသေးတယ်။

ဖာပွန်ဆီထိုးစစ်ဆင်တဲ့စစ်တပ်စစ်ကြောင်းဟာ KNUတပ်မဟာ (၅) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေရဲ့ ကြားဖြတ် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်တာခံရပြီး အထိအခိုက်အကျအဆုံးများနေတာလို့ KNU မူတြော်ခရိုင်က ဆိုထားပါတယ်။

KNU မူတြော်ခရိုင်ရဲ့ ထုတ်ပြန်ချက်မှာဆိုရင် လေးလတာ တိုက်ပွဲတွေအတွင်းစစ်တပ်ဘက်ကဒုတပ်ရင်းမှုးအပါအဝင် ၂၀၀ ကျော်ဒဏ်ရာရပြီး တပ်ခွဲမှုးဗိုလ်ကြီးအဆင့်အပါအဝင် ၁၅၂ ဦး သေဆုံးကာ ထွက်ပြေးသူ ၃၆ ဦးရှိတယ်လို့အသိပေးထားပါတယ်။

စစ်တပ်ဘက်ကထိခိုက်သေဆုံးသူနဲ့ ထွက်ပြေးသူဦးရေကိုတော့ People’s Spring က သီးခြားအတည်မပြုနိုင်ပါဘူး။ အာဏာသိမ်းစစ်တပ်ကလည်း တိုက်ပွဲတွေမှာအကျအဆုံးကို ထုတ်ပြန်တာမျိုးမရှိဘဲ သတင်းအမှောင်ချထားပါတယ်။

KNU ကတော့ စစ်တပ်ဆီက လက်နက်အလက် ၂၀ သိမ်းဆည်းရမိသလို ကားအစီးရေ ရှစ်စီးကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဖာပွန်ဆီ စစ်တပ်ရဲ့ခြေလျင်တပ်စစ်ကြောင်းထိုးချိန်မှာ လမ်းတလျောက်က ရွာတွေကို လေကြောင်းကနေ တိုက်ခိုက်မှုရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေအတွင်းဒေသခံ လေးဦး သေဆုံးခဲ့သလို ၂၂ ဦး ဒဏ်ရာရခဲ့ပြီး ဒေသခံ သုံးသောင်းခွဲ ကျော် စစ်ရှောင်နေရတယ်လို့ KNU မူတြော်ခရိုင် ရဲ့ထုတ်ပြန်ဖော်ပြချက်မှာပါရှိပါတယ်။

ဒေသခံတွေရဲ့အိမ်ခြေ ၂၇၅ လုံး ၊ စာသင်ကျောင်း တစ်ကျောင်းနဲ့ ဘာသာရေးကျောင်း နှစ်ကျောင်း ထိခိုက်ခဲ့သလို ဒေသတွင်းက စာသင်ကျောင်း ၁၇ ကျောင်းမှာလည်း လုံခြုံရေးအရ ကလေးငယ်တွေ ကျောင်းမတက်ရဲကြတော့ဘူးလို့ KNU က ဆိုထားပါတယ်။

စစ်တပ်ဘက်ကတော့ ဒေသခံတွေရဲ့နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမရှိဘူးလို့ တုံ့ပြန်လေ့

ရှိပါတယ်။

ဖာပွန်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊မတ်လအတွင်းမှာ KNU နဲ့ ပူးပေါင်းတပ်က သိမ်းနိုင်ခဲ့ပေမယ့် မြို့တောင်ဘက်မှာရှိတဲ့ စစ်ဗျုဟာတစ်ခု ကျန်ရှိနေတာပါ။

အဲဒီအခြေချစစ်ဗျုဟာကို KNU နဲ့ ပူးပေါင်းတပ် ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတာဖြစ်ပြီး မြေပြင်က စစ်ကူမပို့နိုင်တော့တာကြောင့် စစ်တပ်က လေကြောင်းကနေ ရိက္ခာနဲ့ခဲယ​မ်းတွေကိုချပေးခဲ့တယ်လို့သိရပါတယ်။

လက်ကျန်ဖာပွန်ဗျုဟာမကျဖို့နဲ့ န​ယ်မြေပြန်လည်စိုးမိုးနိုင်ဖို့အတွက် အာဏာသိမ်းစစ်တပ်ဟာအကျအဆုံးခံပြီး ဖာပွန်ဆီဦးတည်စစ်ကြောင်းထိုးနေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က ယူဆထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

Facebook