Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်မှာ စစ်ကောင်စီတပ်ကို ကော်သူးလေတပ်မဟာ ၅ က ဝင်တိုက်

မနေ့ စက်တင်ဘာလ(၂၂)ရက်က စစ်ကောင်စီတပ်ရဲ့ လယ်တိုးအခြေစိုက်စခန်းကို ကော်သူးလေတပ်မတော်အမှတ်(၅)တပ်မဟာက ခြံခိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းအရာရှိတစ်သီးက ပြောပါတယ်။

ဖာပွန်မှာ စစ်ကောင်စီတပ်ကို ကော်သူးလေတပ်မဟာ ၅ က ဝင်တိုက်
ဖာပွန်မှာ စစ်ကောင်စီတပ်ကို ကော်သူးလေတပ်မဟာ ၅ က ဝင်တိုက်

ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကော်သူးလေတပ်မတော် အမှတ်(၅)တပ်မဟာက ဝင်ရောက်တိုက်ခဲ့ရာ သုံးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်မှာဖော်ပြထားပါတယ်။

မနေ့ စက်တင်ဘာလ(၂၂)ရက်က စစ်ကောင်စီတပ်ရဲ့ လယ်တိုးအခြေစိုက်စခန်းကို ကော်သူးလေတပ်မတော်အမှတ်(၅)တပ်မဟာက ခြံခိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းအရာရှိတစ်သီးက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ(၂၁)ရက် မွန်းလွဲပိုင်းတစ်နာရီအချိန်မှာ စစ်ကောင်စီရဲ့ရဟတ်ယာဉ်နှစ်စီးဟာ မဲ၀ိုင်စခန်းကို စစ်သုံးပစ္စည်းတွေလာရောက်ပို့ဆောင်စဉ် ရဟတ်ယာဉ်တစ်စီးက ဗုံးသီး(၅)လုံးပစ်ချခဲ့ပြီး ကျန်တစ်စီးကတော့ ပစ္စည်းအထုတ်ကြီးတစ်ထုတ်ပစ်ချခဲ့ရာ စခန်းအပြင်ဘက်မှ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို စခန်းအပြင်ဘက်မှာကျရောက်တဲ့အတွက် စခန်းရှိစစ်ကောင်စီတပ်သားတွေက လာရောက်ယူဆောင်နေချိန်မှာ ကော်သူးလေတပ်မတော်တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တချိန်တည်းမှာပဲ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စု မထောရွာအတွင်းနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မဲ၀ိုင်ရွာဖက်ကို လက်နက်ကြီးနှစ်လုံး လှမ်းပစ်ခဲ့ပေမယ့် ရွာသားတွေကို ထိခိုက်မှုမရှိခဲ့ကြောင်း ရွာသားတစ်ဦးဆီကနေ သိရပါတယ်။

ဒါ့အပြင် ဖာပွန်မြို့အနီးရှိ ထူမောဒဲရွာတံတားအနီးမှာ ကော်သူးလေတပ်မတော်က ခြံခိုဝင်ရောက်တိုက်ခဲ့လို့ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာခဲ့ကြောင်း မူတြော်သတင်းစဉ်က စုံစမ်းသိရှိရတယ်လို့ ဆိုထားပါတယ်။

စက်တင်ဘာ(၂၁)ရက်နေ့မှာပဲ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့(၁၀၀)ကျော်ခန့်က အုန်းတောလှေဆိပ်ကနေတစ်ဆင့် တပ်မဟာ(၅)နယ်မြေအတွင်းကို ဝင်ရောက်လာခဲ့ကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောကြားပါတယ်။

စက်တင်ဘာ(၂၀)ရက်နေ့ကလည်း ကော်သူးလေတပ်မတော်က စစ်ကောင်စီအခြေစိုက် ဆင်စွယ်စခန်းအနီးမှာ တစ်ကြိမ် နှစ်တောင်ကုန်းမှာ တစ်ကြိမ် ဝင်ရောက်တိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းစစ်ဘက်အရာရှိတစ်ဦးက မူတြော်သတင်းစဉ်ကို ပြောဆိုထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။