Connect with us

Hi, what are you looking for?

သတင်း

ရဲကားနှင့်စစ်ကား မျက်နှာချင်းဆိုင်တိုက်၊ ရဲမေတစ် ဦးအပါအဝင် ရဲနှစ်ဦးသေ

သင်တန်းတက်ရမည့်အကြောင်းကို ရဲတပ်ဖွဲ့က ကြိုတင်အသိမပေးဘဲ ရုတ်တရက်ညွှန်ကြားခြင်းဟု ရဲမေ နှင်းဝတ်ရည်ဝင်း၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

(ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(ယာဉ်တိုက်မှုဖြစ်ပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

သင်တန်းတက်ရန် ရမည်းသင်းမြို့သို့သွားရောက်သည့် ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသော အိမ်စီးကားတစ်စီးသည် မန္တလေး- လားရှိုးပြည်ထောင်စုလမ်းပိုင်းတွင် စစ်ကားတစ်စီးဖြင့် မျက်နှာချင်းဆိုင်တိုက်မိပြီး ရဲမေတစ်ဦးအပါအဝင် ရဲနှစ်ဦးသေဆုံးခဲ့သည်။

ယမန်နေ့(စက်တင်ဘာ ၂၄ရက်)က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမေ နှင်းဝတ်ရည်ဝင်းနှင့် နယ်ထိန်း ရဲအုပ်အောင်ချိုလင်းတို့လိုက်ပါလာသောကားသည် မန္တလေး- လားရှိုး ပြည်ထောင်စုလမ်း၊ နောင်ချိုမြို့နယ် ဘန့်ဘွေးကုန်းရွာအနီးတွင် စစ်ကားဖြင့် တိုက်မိခြင်းဖြစ် သည်။

“ရမည်းသင်း ရဲသင်တန်းကျောင်းကို သွားကြတာ။ PDF ရန်ကိုကြောက်လို့ အရပ်သားလို ခိုးသွားတာ။ဖြစ်ချင်တော့ စစ်တပ်ကားနဲ့ တည့် တိုက်မိတာပဲ။ နှင်းဝတ်ရည်ဝင်းရော၊ အောင်ချိုလင်းရော သေတာပဲ။ ကားလည်း စုတ်ပြတ်သွားတယ်”ဟု နောင်ချိုမြို့ရဲတပ်ဖွဲဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရဲမေ နှင်းဝတ်ရည်ဝင်းသည် ရမည်းသင်းမြို့တွင် ရဲသင်တန်းတက်ရန် သွားရောက်သည်ကို နယ်ထိန်း ရဲအုပ်အောင်ချိုလင်းက ကားဖြင့်လိုက်ပို့စဥ် အထက်ပါ ဖြစ်ရပ် ကြုံတွေ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သင်တန်းတက်ရမည့်အကြောင်းကို ရဲတပ်ဖွဲ့က ကြိုတင်အသိမပေးဘဲ ရုတ်တရက်ညွှန်ကြားခြင်းဟု ရဲမေ နှင်းဝတ်ရည်ဝင်း၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

” အခုက ဘယ်လို မူဝါဒတွေလဲ မသိဘူး။ သင်တန်းတက်ဖို့ကိုလည်း ကြိုမပြောဘူး။ ကပ်ပြီးမှပြောတော့ ရေးကြီးသုတ်ပြာထွက်ရတာ။ မဟုတ်ရင် အခုလိုသေမှာမဟုတ်ဘူး။ ရဲတပ်ဖွဲ့က တာဝန်မဲ့လွန်းတယ်”ဟု ၎င်းက ပြောသည်။

ရဲမေ နှင်းဝတ်ရည်ဝင်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ၎င်း၏ အမျိုးသားမှာလည်း ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ယာဥ်တိုက်မှုဖြစ်ချိန်တွင် ၎င်းတို့၏ ကားပေါ်၌ ကလေးနှစ်ဦးပါဝင်ကြောင်းသိရသော် လည်း အသေးစိတ်မသိရသေးပေ။

၎င်းမှာ ကျောက်မဲမြို့ဇာတိဖြစ်ကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။