Connect with us

Hi, what are you looking for?

သတင်း

သဖန်းဆိပ်ဆည်ရေလွှတ်စဉ်ကောက်စိုက်သမ ၁၀ ဦးရေစီးနဲ့မျောပါပြီး ၆ ဦး သေဆုံး

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

(သြဂုတ် ၆ ရက်မှာသဖန်းဆိပ်ဆည်မှာ​ရေလွှတ်​နေစဥ် )

သြဂုတ်-၆၊၂၀၂၆။ကဖေး/People’s Spring

စိုးရိမ်ရေမယ့်အထက်ကိုရောက်ရှိနေတဲ့သဖန်းဆိပ်ဆည်ရေလွှတ်ချထားစဉ် ချောင်းကိုဖြတ်ကူးတဲ့ ကောက်စိုက်သမ၁၀ဦး ရေစီးနဲ့မျောပါသွားပြီး ၆ဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

ကျွန်းလှမြို့နယ်မှာရှိတဲ့သဖန်းဆိပ်ဆည်ဟာ စိုးရိမ်ရေမှတ်အထက်ကိုကျော်နေလို့ ရေတံခါးကိုဖွင့်ချထားတာဖြစ်ပါတယ်။ သြဂုတ်လ၆ရက်နေ့လယ်ပိုင်းမှာ ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာအုပ်စု၊ချောင်းရိုးကျေးရွာ မြောက်ဘက်ချောင်းထဲမှာကောက်စိုက်ပြန် ကောက်စိုက်သမ(၁၀)ဦး ၊ချောင်းကိုဖြတ်ကူးစဉ် ရုတ်တရက်ချောင်းရေတိုးပြီး ရေစီးဆင်းလာတာကနေ မျောပါသွားတာလို့ သတင်းထုတ်ပြန်ထားပါတယ်။

ချောင်းရေနဲ့အတူမျောပါသွားတဲ့၁၀ဦးအနက် ၊ ၆ ဦးအသက်ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။သဖန်းဆိပ်ဆည်ရေဟာမူးမြစ်အတိုင်းစီးဝင်လာပြီး ဒီပဲယင်းမြို့နယ်အပါအဝင် ဆည်အောက်ပိုင်းက မြို့တွေကို ရေစီးဝင်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆည်အောက်ဘက်ရှိကျေးရွာတွေနဲ့ မူးမြစ်ဘေးတစ်လျှောက်ရှိကျေးရွာများအနေဖြင့် ရေကြီးရေလျှံမှုဒဏ်ကို ခံစားရနိုင်ခြေအမြင့်ဆုံးအနေအထားရှိနေပြီး မူးမြစ်တစ်လျှောက်ကျေးရွာ တွေနဲ့ဆည်အောက်ဘက်ရှိကျေးရွာဒေသခံတွေအနေနဲ့ ရေဘေးအန္တရာယ်အထူး သတိရှိကြဖို့တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်းဟုမ္မလင်း၊ တန့်ဆည်၊ ကောလင်း၊ အင်း‌ တော်၊ ရေဦး၊ ခင်ဦးမြို့နယ်တွေမှာလည်း ရေများနေပြီး ကျေးရွာ၅၀ခန့်ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာလည်း ဇူလိုင်လ၃၀ရက်နေ့ညကငဝန်မြစ်ရေကာတာကျိုးကျပြီး လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာအချို့မှာ ရေဝင်နေပြီး ရေဘေးကြောင့်လူသေဆုံးမှုတွေလည်းရှိနေပါတယ်။ လေးမျက်နှာမြို့နယ်ရေဘေးမှာ အနည်းဆုံးဒေသခံနှစ်ဦးသေဆုံးထားပါတယ်။ဧရာဝတီတိုင်းနဲ့ဆက်စပ်နေတဲ့ရခိုင်ပြည်နယ်မှာလည်း မိုးကြီးနေပြီးမြို့နယ်အချို့မှာရေကြီးနေပါတယ်။

ကချင်ပြည်နယ်မှာလည်းမိုးကြီးနေပြီး ဒီနေ့မနက်ပိုင်းမှာ တနိုင်းမြို့နယ်အတွင်း ၆ တန်းကျောင်းသားတစ်ဦး ရေနစ်မြုပ်ပျောက်ဆုံးနေတယ်လို့သိရပါတယ်။ကချင်ပြည်နယ်က ဖားကန့်နဲ့ မိုး‌ကောင်းမြို့မှာမိုးကြီးပြီးရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပါတယ်။မန္တလေးတိုင်းမှာလည်း ဆည်တော်ကြီးရေ လှောင်တမံ ရေလျှံလို့ မတ္တရာမြို့နယ်ထဲမှာရေကြီးနေသည် မိုးကုတ်မြို့မှာလည်း မိုးကြီးတဲ့နောက်ဆက်တွဲအဖြစ် မြေပြင်မှုတွေနဲ့ တောင်ကျ‌ ရေတိုက်စားမှုတွေဖြစ်ပေါ်နေပါတယ်။

ရှမ်းပြည်နယ်မှာ ဇူလိုင်လကုန်ခန့်ကတည်းကမိုးများပြီး လက်ရှိမှာ သီပေါ၊ ကျောက်မဲ၊ လားရှိုးနဲ့ မိုးမိတ်မြို့နယ်တွေမှာ မြေ နိမ့်ပိုင်းနေရာတွေ ရေကြီးနှစ်မြုပ်နေပါတယ်။မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ထားတဲ့ အထူးဒေသ(၁)ထဲမှာလည်း မြေပြိုမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်းရပ်ဝန်းဖြစ်ပြီး မုတ်သုန်လေအားကောင်းနေတဲ့အတွက် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ဧရာဝတီတိုင်းမှာ မိုးဆက်ကောင်းနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

လက်ရှိရေကြီးနစ်မြုပ်နေတဲ့ဒေသတွေမှာ မြွေအန္တရာယ်သတိပြုဖို့လည်းMoSLHAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည် ရေပြည့်မှတ်ကျော်လွန်နေလို့ ရေလွှတ်နေတာကြောင့် မူးမြစ်ဘေးနေ ပြည်သူတွေ ရေဘေး ထပ်မံသတိပြုကြဖို့ ရွှေဘိုခရိုင် ပကဖက သတိပေးထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။