Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်အတွင်း မန္တလေး – ဗန်းမော် လမ်းပိုင်း၌ ခရီးသွားယာဥ်နှင့် ပြည်သူများလိုက်နာရမည့်အချက်သုံးချက် သတိပေးကြေညာ

ဖော်ပြပါ သုံးချက်ကို လိုက်နာဆောင်ရွက်ကြရန် သတိပေးလိုက်နာမှုမရှိဘဲ ဖြစ်ပေါ်လာသော နောက်ဆက်တွဲအကျိူးသက်ရောက်မှုများကို တာဝန်ယူမည်မဟုတ်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က သတိပေးထားသည်။

သပိတ်ကျင်းမြို့နယ်
သပိတ်ကျင်းမြို့နယ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ မန္တလေး-ဗန်းမော်လမ်းပိုင်း၌ ဖြတ်သန်းသွားလာကြမည့်မော်တော်ယာဥ်နှင့်ပြည်သူများ လိုက်နာရမည့်အချက် သုံးချက်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က သတိပေးကြေညာသည်။

စက်တင်ဘာ ၃၀ ရက်မှစ၍ မန္တလေး-ဗန်းမော်လမ်းပိုင်း၌ သပိတ်ကျင်းမြို့နယ် (၇)မိုင်ကျေးရွာမှ မြို့နယ်ဧရိယာအဆုံးထိ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း သွားလာနေသော ယာဉ်များ ကားမှန်များချကာ မောင်းနှင်ကြရန်၊ညနေ၆ နာရီမှ နောက်တနေ့နံနက် ၆ နာရီအတွင်း မောင်းနှင်သွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က ယမန်နေ့ (အောက်တိုဘာ ၁ ရက်)တွင် ထုတ်ပြန်ကြေညာသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ကားလမ်းမကြီး လမ်းဘေးဝဲယာတွင် ဆိတ်၊ နွား၊ ကျွဲများ ထိန်းကျောင်းခြင်းမပြုရန် ထပ်မံသတိပေးသည်။

ဖော်ပြပါ သုံးချက်ကို လိုက်နာဆောင်ရွက်ကြရန် သတိပေးလိုက်နာမှုမရှိဘဲ ဖြစ်ပေါ်လာသော နောက်ဆက်တွဲအကျိူးသက်ရောက်မှုများကို တာဝန်ယူမည်မဟုတ်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၂၅ ရက်ဝန်းကျင်က သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်မြောက်ဖျားတွင် စစ်ကောင် စီတပ်က ကင်းပုန်းဝတ်ခြင်း၊ တောနင်းရှာဖွေခြင်း၊ရွှေလုပ်ကွက်များရှိ ရွှေလုပ်သားများအား ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။