Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းမြို့နယ်အတွင်း မန္တလေး – ဗန်းမော် လမ်းပိုင်း၌ ခရီးသွားယာဥ်နှင့် ပြည်သူများလိုက်နာရမည့်အချက်သုံးချက် သတိပေးကြေညာ

ဖော်ပြပါ သုံးချက်ကို လိုက်နာဆောင်ရွက်ကြရန် သတိပေးလိုက်နာမှုမရှိဘဲ ဖြစ်ပေါ်လာသော နောက်ဆက်တွဲအကျိူးသက်ရောက်မှုများကို တာဝန်ယူမည်မဟုတ်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က သတိပေးထားသည်။

သပိတ်ကျင်းမြို့နယ်
သပိတ်ကျင်းမြို့နယ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ မန္တလေး-ဗန်းမော်လမ်းပိုင်း၌ ဖြတ်သန်းသွားလာကြမည့်မော်တော်ယာဥ်နှင့်ပြည်သူများ လိုက်နာရမည့်အချက် သုံးချက်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က သတိပေးကြေညာသည်။

စက်တင်ဘာ ၃၀ ရက်မှစ၍ မန္တလေး-ဗန်းမော်လမ်းပိုင်း၌ သပိတ်ကျင်းမြို့နယ် (၇)မိုင်ကျေးရွာမှ မြို့နယ်ဧရိယာအဆုံးထိ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း သွားလာနေသော ယာဉ်များ ကားမှန်များချကာ မောင်းနှင်ကြရန်၊ညနေ၆ နာရီမှ နောက်တနေ့နံနက် ၆ နာရီအတွင်း မောင်းနှင်သွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က ယမန်နေ့ (အောက်တိုဘာ ၁ ရက်)တွင် ထုတ်ပြန်ကြေညာသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ကားလမ်းမကြီး လမ်းဘေးဝဲယာတွင် ဆိတ်၊ နွား၊ ကျွဲများ ထိန်းကျောင်းခြင်းမပြုရန် ထပ်မံသတိပေးသည်။

ဖော်ပြပါ သုံးချက်ကို လိုက်နာဆောင်ရွက်ကြရန် သတိပေးလိုက်နာမှုမရှိဘဲ ဖြစ်ပေါ်လာသော နောက်ဆက်တွဲအကျိူးသက်ရောက်မှုများကို တာဝန်ယူမည်မဟုတ်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က သတိပေးထားသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ ၂၅ ရက်ဝန်းကျင်က သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်မြောက်ဖျားတွင် စစ်ကောင် စီတပ်က ကင်းပုန်းဝတ်ခြင်း၊ တောနင်းရှာဖွေခြင်း၊ရွှေလုပ်ကွက်များရှိ ရွှေလုပ်သားများအား ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားစဉ် တာမခန်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အဆိုပါ စစ်ကောင်စီတပ် ကိုလည်း KIAက ချေမှုန်းတိုက်ခိုက်ခဲ့သည်။