သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီဒေါက်တိုင် Non CDM ဝန်ထမ်းများရာထူးမှ အမြန်နှုတ်ထွက်ကြရန်နှင့် ဆက်လက်တာဝန်ထမ်းဆောင်နေပါက အသက်အာမခံချက်
မပေးတော့ကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်သည်။
Non CDM ဆရာ၊ဆရာမ များ ၊လျှပ်စစ်ဝန်ထမ်းများ ၊ လျှပ်စစ်မီတာကြေး လိုက်လံကောက်ပေးနေသူများကို လက်ရှိတာဝန်ထမ်းဆောင်နေသော ရာထူးများမှ အချိန်မှီ အမြန် နှုတ်ထွက်ကြရန်၊ ဒလန်သတင်းပေးများ ၊ စစ်ကောင်စီအား လိုင်းကြေးပေးကာ ပြုလုပ်လျှက်ရှိသော လောင်းကစားဝိုင်းများ အချိန်မှီ ရပ်တန့်ကြရန် သတိပေးချက်ကို ယနေ့(မတ်လ ၁ရက်)တွင် ထုတ်ပြန်ထားသည်။
“သတိပေးချက်အား လိုက်နာမှု့မရှိဘဲ ဆက်လက် တာဝန်ထမ်းဆောင် လုပ်ကိုင်နေပါက ဖြစ်ပေါ်လာမည့် ကိစ္စများအား တာဝန်ယူမည်မဟုတ်ကြောင်း နဲ့ အသက်အာမခံမှုများကို လုံးဝလုံးဝ ပေးမည်မဟုတ်ကြောင်း ကျနော်တို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ မှ သတိပေးကြေငြာလိုက်သည်” ဟုဖော်ပြထားသည်။
မြို့နယ်အတွင်း စစ်ကောင်စီက အင်တားတိုးမြှင့်ထားပြီး ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ ဂိတ်စခန်း ၊ ယာဉ်တန်းများနှင့် နီးနီးကပ်ကပ် မနေကြပါရန်လည်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ က တိုက်တွန်းထားသည်။

Public Service Announcement
TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့သည်သပိတ်ကျင်းမြို့နယ်တွင် အခြေစိုက်လှုပ်ရှားပြီး စစ်ကောင်စီကိုခုခံ တိုက်ခိုက်နေသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
