Connect with us

Hi, what are you looking for?

News

သပိတ်ကျင်းမြို့နယ်မှNon CDM ဝန်ထမ်းများ ရာထူးမှအမြန်နှုတ်ထွက်ကြရန်ပြောက်ကျားတပ်ဖွဲ့သတိပေး

မြို့နယ်အတွင်း စစ်ကောင်စီက အင်တားတိုးမြှင့်ထားပြီး ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ ဂိတ်စခန်း ၊ ယာဉ်တန်းများနှင့် နီးနီးကပ်ကပ် မနေကြပါရန်လည်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ က တိုက်တွန်းထားသည်။

သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီဒေါက်တိုင် Non CDM ဝန်ထမ်းများရာထူးမှ အမြန်နှုတ်ထွက်ကြရန်နှင့် ဆက်လက်တာဝန်ထမ်းဆောင်နေပါက အသက်အာမခံချက်
မပေးတော့ကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ကသတိ​ပေးချက်ထုတ်ပြန်သည်။

Non CDM ဆရာ၊ဆရာမ များ ၊လျှပ်စစ်ဝန်ထမ်းများ ၊ လျှပ်စစ်မီတာကြေး လိုက်လံကောက်ပေးနေသူများကို လက်ရှိတာဝန်ထမ်းဆောင်နေသော ရာထူးများမှ အချိန်မှီ အမြန် နှုတ်ထွက်ကြရန်၊ ဒလန်သတင်းပေးများ ၊ စစ်ကောင်စီအား လိုင်းကြေးပေးကာ ပြုလုပ်လျှက်ရှိသော လောင်းကစားဝိုင်းများ အချိန်မှီ ရပ်တန့်ကြရန် သတိ​ပေးချက်ကို ယနေ့(မတ်လ ၁ရက်)တွင် ထုတ်ပြန်ထားသည်။

“သတိပေးချက်အား လိုက်နာမှု့မရှိဘဲ ဆက်လက် တာဝန်ထမ်းဆောင် လုပ်ကိုင်နေပါက ဖြစ်ပေါ်လာမည့် ကိစ္စများအား တာဝန်ယူမည်မဟုတ်ကြောင်း နဲ့ အသက်အာမခံမှုများကို လုံးဝလုံးဝ ပေးမည်မဟုတ်ကြောင်း ကျနော်တို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ မှ သတိပေးကြေငြာလိုက်သည်” ဟု​​ဖော်ပြထားသည်။

မြို့နယ်အတွင်း စစ်ကောင်စီက အင်တားတိုးမြှင့်ထားပြီး ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ ဂိတ်စခန်း ၊ ယာဉ်တန်းများနှင့် နီးနီးကပ်ကပ် မနေကြပါရန်လည်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ က တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့သည်သပိတ်ကျင်းမြို့နယ်တွင် အခြေစိုက်လှုပ်ရှားပြီး စစ်ကောင်စီကိုခုခံ တိုက်ခိုက်နေသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ ပဲခူးတိုင်းအနောက်ပိုင်း ကြို့ပင်ကောက်မြို့နယ်မှာ ရွေးကောက်ပွဲ ကို ဝန်ထမ်းတွေအနေနဲ့ ကြိုတင်မဲပေးဖို့ စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသခံဝန်ထမ်းတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။