Connect with us

Hi, what are you looking for?

သတင်း

ပညာရေးကို ဖျက်ဆီးနေကြသည့် အကြမ်းဖက်စစ်အုပ်စု လုပ်ရပ်များအတွက် မကြာမီ တာဝန်ခံရမည်ဟု CRPH ထုတ်ပြန်

တစ်ကမ္ဘာလုံးတွင် ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြချိန်တွင် မြန်မာနိုင်ငံရှိ ဆရာ၊ ဆရာမများကမူ စစ်ကျွန်ပညာရေးအောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီပညာရေးအတွက် အသက်ပေးနေရဆဲပင် ဖြစ်သည်ဟု ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆရာ၊ဆရာမများက CDMပြုလုပ်၍ ချီတက်ဆန္ဒပြနေကြစဉ်၊ဓာတ်ပုံ - CJ
စစ်တပ်အာဏာသိမ်းပြီးနောက် ဆရာ၊ဆရာမများက CDMပြုလုပ်၍ ချီတက်ဆန္ဒပြနေကြစဉ်၊ဓာတ်ပုံ - CJ

▪️CDM ဆရာ၊ ဆရာမများအတွက် လက်တွေ့ပါသည့် ကူညီအားပေးမှု လိုအပ်နေဟုဆို

ပညာရေးကို ဖျက်ဆီးနေကြသည့် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များအတွက် မကြာမီပင် တာဝန်ခံရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ကတိပြုထုတ်ပြန်သည်။

ယနေ့ကျရောက်သော “ကမ္ဘာ့ဆရာများနေ့”တွင် တိုင်းပြည်၏ အနာဂတ်ဖြစ်သော မျိုးဆက်သစ်လူငယ်များကို ဆင်ခြင်တုံတရားနှင့်ပြည့်စုံပြီး အမှန်တရား ကို မြတ်နိုးတတ်အောင် ဆုံးမသွန်သင်ပေးတတ်ကြသော ဆရာ၊ ဆရာမများအားလုံး ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးပြီး အသိပညာ၊ ဗဟုသုတများကို လွတ်လပ်စွာ ဝေမျှပေး နိုင်သူများဖြစ်ကြပါစေကြောင်း CRPH က အလေးအနက် ဆုတောင်းမေတ္တာ ပို့သကြောင်း ထုတ်ပြန်သည်။

ပြည်သူများက လက်မခံသည့် အကြမ်းဖက်စစ်အာဏာရှင်များအား တော်လှန်ကြရာတွင် ဆရာ၊ ဆရာမများ၊ ပညာရေးမိသားစုများ အပါအဝင် CDM ပြည်သူ့ဝန်ထမ်းများ၏ စည်းလုံးညီညွတ်သည့် စိတ်ဓာတ်အင်အားသည် ကြီးမားသည့်အရွေ့ကို အစပြုခဲ့ကြောင်း ဖော်ပြသည်။

အကြမ်းမဖက်ဘဲ တော်လှန်ခဲ့ရာမှ လက်နက်ကိုင်၍ တော်လှန်တိုက်ခိုက်ကြရာတွင်လည်း ကျရာကဏ္ဍမှနေ၍ စစ်ကောင်စီကို အံတုခဲ့ကြသည့် ဆရာ၊ ဆရာမများ၏ ပါဝင်မှုသည် အလွန်ပင် ဂုဏ်ယူဖွယ်ဖြစ်ကြောင်း CRPH က ဆက်လက်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တစ်ကမ္ဘာလုံးတွင် ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြချိန်တွင် မြန်မာနိုင်ငံရှိ ဆရာ၊ ဆရာမများကမူ စစ်ကျွန်ပညာရေးအောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီပညာရေးအတွက် အသက်ပေးနေရဆဲပင် ဖြစ်သည်ဟု ထုတ်ပြန်သည်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပညာရေး CDM က အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိလည်း ကြံ့ကြံ့ခံကာ ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ ဆရာ၊ ဆရာများကို CRPH က ယခုကဲ့သို့ အသိအမှတ်ပြု သဝဏ်လွှာထုတ်ပြန်ခြင်းကို ကျေးဇူးတင်ကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ-BEGSC အတွင်းရေးမှူးအဖွဲ့ဝင် ဆရာအောင်မြတ်မိုးက မှတ်ချက်ပြုသည်။

CDM ဆရာ၊ ဆရာမ အရေအတွက်များပြားသည်နှင့်အညီ စားဝတ်နေရေး၊ ကျန်းမာရေးစရိတ် စသည့် အထွေထွေလိုအပ်ချက်များနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ထောက်ပံ့မှုနှင့်ပတ်သက် ၍ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် အကူအညီပေးနိုင်မည့် လုပ်ငန်းစဥ်များဖြစ်ပေါ်ရန် လိုအပ်ကြောင်း ဆရာအောင်မြတ်မိုးက ထောက်ပြသည်။

“အင်အားများပေမယ့် အခုအချိန်အထိ လုံလောက်တဲ့ အထောက်အပံ့မရပါဘူး။ ကျွန်တော်တို့မှာ အသက်ဆက်ပြီးရှင်သန်ဖို့ မျိုးစုံကြိုးပမ်းနေရတယ်။ ဖြစ်နိုင်ရင် အရမ်းလိုအပ်နေတဲ့၊ ခက်ခဲနေတဲ့ ဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးစေ ချင်တယ်။ အသိအမှတ်ပြုမှုကို ကျွန်တော်တို့ ကျေးဇူးတင်တယ်။ လိုအပ်တာ supporting ကူညီထောက်ပံ့မှုပဲ။ လက်တွေ့ပါတဲ့ ကူညီအားပေးမှု လိုအပ်ပါတယ်။ အခုထက် ပိုပြီး ထောက်ပံ့ပေးစေချင်တယ်” ဟု ၎င်းက ဆိုသည်။

CDM လှုပ်ရှားမှုဖြင့် အာဏာရှင်ကို ပုန်ကန်ကြသော၊ စစ်ကောင်စီကို တော်လှန်ရင်း မတရားဖမ်းဆီးခံရပြီး ထောင်ချခံနေရစေကာမူ အညံ့မခံဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်နေကြသော၊ အကြမ်းဖက်စစ်တပ်ကို တန်ပြန်စစ်ဖြင့်ခုခံကြရာတွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြသော၊ တိုက်ပွဲများအကြား စစ်ဘေးရှောင်ရင်း ကလေးငယ်များ၏ စဉ်ဆက် မပြတ်ပညာရေးအတွက် အားစိုက်ထုတ်၍ သင်ကြားပို့ချနေကြသော ဆရာ၊ ဆရာများ အားလုံးနှင့် ပညာရေးဝန်ထမ်းမဟုတ်သော်လည်း တတ်စွမ်းသည့်ပညာဖြင့် CDM ကျောင်းသား၊ ကျောင်းသူများအား ပညာပို့ချပေးနေကြသူများ အားလုံးကို အထူးပင် လေးစားဂုဏ်ယူကြောင်း CRPH က ဆိုသည်။

ထို့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် တော်လှန်ရေးတွင် အသက်စွန့်သွားခဲ့ကြသည့် ဆရာ၊ ဆရာမများအား အာဇာနည် သူရဲကောင်းအဖြစ် CRPH က အလေးအနက် ကဗ္ဗည်းတင်ကြောင်း ဖော်ပြသည်။

ပညာရေးချို့တဲ့ခြင်းသည် နိုင်ငံအတွက်သာမက ဒေသတွင်းအတိုင်းအတာ၊ ကမ္ဘာ လုံးအတိုင်းအတာနှင့်ပါ ဆိုးကျိုးများ ဖြစ်ထွန်းနိုင်သည်ကို နိုင်ငံတကာအသိုက်အဝန်းများ အနေဖြင့်သိရှိပြီးဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံတွင် ပျက်စီးယိုယွင်းနေသည့် ပညာရေး ကဏ္ဍ ပြန်လည်မြင့်တင်လာရေးအတွက် ပြည်သူအများက ထောက်ခံသည့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

လူ့အဖွဲ့စည်းတွင် ယနေ့ခေတ်ကာလမှာ AI (Artificial Intelligence) ဉာဏ်ရည်တုကို နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။ ထို AI ဉာဏ်ရည်တုကို အသုံးပြုသည့်အခါ သိသယောင် အားနည်းချက်(Hallucination)သည် အန္တရာယ်အလွန် ရှိနိုင်သည့် ပြဿနာတခု ဖြစ်နေပါသည်။

သတင်း

ရခိုင်ပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်အပါအ၀င် စားဝတ်နေရေး ကြပ်တည်းမှုဒဏ်ကြောင့် ကျောင်းမတက်ရတဲ့ ကလေးငယ်တွေ များလာနေတယ်လို့ ဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေနဲ့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။