Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့နယ်တွင် AAက မိုင်းဆွဲတိုက်ခိုက်၍ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ

တောင်ကုတ် – သံတွဲကြားရှိ ကာလမ်းတွင် တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ဦးခန့် သေဆုံးနိုင်သည်ဟု ဒေသခံက ပြောကြားကြောင်း ရခိုင်ဒေသခံက ပြောသည်။

သံတွဲမြို့နယ်တွင် AAက မိုင်းဆွဲတိုက်ခိုက်၍ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ
သံတွဲမြို့နယ်တွင် AAက မိုင်းဆွဲတိုက်ခိုက်၍ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်၌ ယမန်နေ့ (နိုဝင်ဘာ ၁ရက်)က စစ်ကောင်စီတပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် မှုများပြားခဲ့ကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

တောင်ကုတ် – သံတွဲကြားရှိ ကာလမ်းတွင် တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ဦးခန့် သေဆုံးနိုင်သည်ဟု ဒေသခံက ပြောကြားကြောင်း ရခိုင်ဒေသခံက ပြောသည်။

“ထိတွေ့မှု ဖြစ်တယ်ဆိုတာထက် စစ်ကောင်စီရဲ့တပ်ဖွဲ့တွေ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို AAက ကြိုပြီးသတင်းရလို့သူတို့ ပိုင်တယ်ထင်တဲ့နေရာမှာ ကြိုပြီး၊ စောင့်ပြီးတိုက်ခိုက်တာလို့ပြောလို့ရတယ်။ ဒေသခံတွေ ပြောတာတော့ မိုင်းဆွဲ တိုက်ခိုက်တာမှာ အယောက် ၁၀လောက်နီးပါး ကျတယ်လို့ပြောတယ်။ တကယ်လည်းကျမယ်ထင်တယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

ရခိုင်တောင်ပိုင်းတွင်ယခင်က AAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ပြီးခဲ့တဲ့ တိုက်ပွဲကာလ(၂၀၁၈ နှစ်ကုန်ပိုင်းမှ ၂၀၂၀ နိုဝင်ဘာမတိုင်မီ)တုန်းက တောင်ပိုင်းမှာ တိုက်ပွဲဖြစ်တာ သိပ်မရှိဘူး။ ဒါပေမဲ့ AAက အဲဒီကတည်းက တောင်ပိုင်းမှာ စစ်ရေးအရလှုပ်ရှားတာတွေ တွေ့ရတယ်လေ”ဟု ဒေသခံက ပြောသည်။

ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့နယ်သည် AA တပ်စစ်ရေးလှုပ်ရှားမှု အားကောင်းသည့် ဒေသတစ်ခုဖြစ်သည်ဟု ဆိုသည်။

“သူတို့ စစ်ရေးလှုပ်ရှားတဲ့နယ်မြေတွေ သူတို့ ထိန်းချုပ်တဲ့နယ်မြေတွေကို စစ်ကောင်စီဘက်က ဝင်လာတယ်ဆိုရင် သူတို့က တိုက်တယ်ဆိုရင် သူတို့က အဲဒီလို လုပ်မှာပဲ”ဟု ရခိုင်ဒေသခံက ပြောသည်။

AAနှင့် စစ်ကောင်စီတပ်တို့သည် ယခုနှစ် ဩဂုတ်တွင် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

အောက်တိုဘာလကုန်ပိုင်းကလည်း တိုက်ပွဲများနေ့စဉ်ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂၆ရက်မှ ၃၁ရက်အတွင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပလက်၀ ၊ ကျောက်တော် မြို့နယ် များ၌ တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၄ဦးထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများ လည်းရှိခဲ့ကြောင်း AAက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။