Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်မြေပြင်ရောက် ရုရှား စစ်သားတွေရဲ့ မိခင်တွေကို ပူတင် တွေ့ဆုံအားပေး

ပူတင်ကတော့ စစ်သည်တွေရဲ့ မိခင်တွေနဲ့ တွေ့ဆုံချိန်မှာ သူတို့ရဲ့ သားတွေကို သူရဲကောင်းတွေ အနေနဲ့ ဂုဏ်ယူသင့်ကြောင်း ပြောခဲ့သလို တိုက်ပွဲကျသွားသူ တစ်ဦးရဲ့ မိခင်ကိုလည်း သူ့သားဟာ အချည်းနှီး အသက်ပေးသွားတာ မဟုတ်ဘူးလို့ နှစ်သိမ့်နေခဲ့တာ တွေ့ရပါတယ်။

ယူကရိန်း စစ်မြေပြင်ရောက် ရုရှား စစ်သားတွေရဲ့ မိခင်တွေကို ပူတင် တွေ့ဆုံအားပေး
ယူကရိန်း စစ်မြေပြင်ရောက် ရုရှား စစ်သားတွေရဲ့ မိခင်တွေကို ပူတင် တွေ့ဆုံအားပေး

ရှေ့တန်းရောက် စစ်သည်တွေရဲ့ မိခင်တွေနဲ့ တွေ့ဆုံချိန်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သူလည်း တူညီတဲ့ စိတ်ပူပန်မှု၊ နာကျင်မှုတွေ ခံစားနေရပါတယ်လို့ နှစ်သိမ့် ပြောဆိုသွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၅ ရက်က ပူတင်ဟာ ယူကရိန်း စစ်မြေပြင်ရောက် ရုရှားစစ်သည် တချို့ရဲ့ မိခင်တွေကို ဖိတ်ကြားပြီး တွေ့ဆုံခဲ့ပါတယ်။ အဲဒီထဲမှာ တိုက်ပွဲကျသွားသူ တချို့ရဲ့ မိခင်တွေလည်း ပါတယ်လို့ ရုရှား အစိုးရနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပူတင်က သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တွေရဲ့ ခံစားချက်ကို ကောင်းကောင်း နားလည်ကြောင်း၊ အခန်းထဲမှာ ရှိနေတဲ့ အမျိုးသမီးတွေနဲ့ထပ်တူ သူကိုယ်တိုင်ကလည်း ပုဂ္ဂိုလ်ရေး ခံစားချက် အရရော၊ နိုင်ငံခေါင်းဆောင် တစ်ဦးအနေနဲ့ပါ ဝမ်းနည်း နာကျင်ရတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီစကားတွေကို ရုရှားရဲ့ အစိုးရ ဝါဒဖြန့် မီဒီယာတွေက ထပ်ဆင့် ဖော်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ နိုင်ငံရေး လေ့လာသူ တချို့ကတော့ ပူတင်နဲ့ တွေ့ဆုံမယ့် အမျိုးသမီးတွေကို သေချာ ရွေးချယ်ထားတာဖြစ်ပြီး အကုန်လုံးက ရုရှား အစိုးရကို လိုလားသူတွေချည်း ဖြစ်တယ်လို့ ပြောပါတယ်။ အမျိုးသမီး တချို့ဟာ ယူကရိန်း အရှေ့ပိုင်းက ရုရှားခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ လူဟန့်စ်ခ် ဒေသက ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပကတိ အခြေအနေအရဆိုရင် ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ အခြေအနေ မလှသလို အသေအပျောက် များနေတာကြောင့် ပူတင်ဆင်နွှဲခဲ့တဲ့ ကျူးကျော်စစ်အပေါ် ပြည်တွင်းမှာ အတော်ကြီး ဆူဆူညံညံ ဝေဖန် ကန့်ကွက်နေကြပါတယ်။ ရှေ့တန်းရောက် ရုရှားစစ်သားတွေရဲ့ မိသားစုဝင် အများအပြားကလည်း စစ်ပွဲကို အတိအလင်း ဆန့်ကျင်လာကြပါတယ်။

ပူတင်ကတော့ စစ်သည်တွေရဲ့ မိခင်တွေနဲ့ တွေ့ဆုံချိန်မှာ သူတို့ရဲ့ သားတွေကို သူရဲကောင်းတွေ အနေနဲ့ ဂုဏ်ယူသင့်ကြောင်း ပြောခဲ့သလို တိုက်ပွဲကျသွားသူ တစ်ဦးရဲ့ မိခင်ကိုလည်း သူ့သားဟာ အချည်းနှီး အသက်ပေးသွားတာ မဟုတ်ဘူးလို့ နှစ်သိမ့်နေခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ အရေးနိမ့်တဲ့ အနေအထားတွေ သိသိသာသာ တွေ့မြင်လာရပြီး ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်းက ထိန်းချုပ် နယ်မြေ တော်တော်များများကို ဆက်တိုက် လက်လွှတ်ပေးခဲ့ရပါတယ်။ ၉ လကျော် ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲအတွင်း ရုရှားရော၊ ယူကရိန်းပါ စစ်သည်တွေ သေကြေပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရမှု စုစုပေါင်း တစ်သိန်းကျော်စီ ရှိခဲ့ပြီးပြီလို့လည်း အမေရိကန် စစ်ဘက်က ခန့်မှန်း ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။