Connect with us

Hi, what are you looking for?

သတင်း

ပြည်သူလူထုနေအိမ်များကို KIA နှင့် PDFက မီးရှို့နေဟု စစ်ကောင်စီကKNUနယ်မြေတွင်ဝါဒဖြန့်စာရွက်များဖြန့်​ဝေ

စစ်ကောင်စီကဝါဒဖြန့်ရာတွင် လူမျိုးရေး၊ဘာသာရေးမှိုင်းတိုက်သည့် အရေးအသားများဖြင့်လည်း KIAကို ပုတ်ခတ်ထားသည်။

(စစ်​ကောင်စီ ဝါဒဖြန့်​နေ​သောစာရွက် ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ ဝါဒဖြန့်​နေ​သောစာရွက် ။ဓါတ်ပုံ-CJ)

ပြည်သူလူထုနေအိမ် ငါးသောင်းဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့က ပြည်သူ​နေအိမ်များကိုမီးရှို့ဖျက်ဆီးနေကြောင်း​ရေးသားထား​​သောစာရွက်များ ဖြန့်​ဝေ၍ဝါဒဖြန့်​နေသည်။

ထို့အပြင်စစ်ကိုင်းတိုင်းကမီးရှို့ခံရ​သောနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာပြည်သူများနှင့်အတူ ပူးပေါင်းပြီး မီးငြိမ်းသတ်ခဲ့သည်ဟုလည်း ဝါဒဖြန့် စာရွက်၌ လိမ်ညာဖော်ပြထားသည်။ ဝါဒဖြန့်ရာတွင် ဗမာဘာသာနှင့်သာမက ကရင်ဘာသာဖြင့်သာ ရေးသားထားသည်ကို​တွေ့ရသည်။

(စစ်​ကောင်စီ ဝါဒဖြန့်​နေ​သောစာရွက် ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ ဝါဒဖြန့်​နေ​သောစာရွက် ။ဓါတ်ပုံ-CJ)

“တပ်မဟာ(၃) ညောင်လေးပင်ခရိုင်မှာ ဖြန့်သွားတာ။ တစ်နိုင်ငံလုံးပဲ ဖြန့်နေတာ။ အမှန်မှန်တော့ သူတို့ (စစ်ကောင်စီတပ်) ဖျက်(ရွာများကို မီးရှို့ဖျက်ဆီး)တာ။ပြေးရလွှားရ လက်နက်ကြီး ပစ်တော့ ရွာတွေထိတာ၊ ရွာတွေမီးရှို့တာ ဗမာပြည်တစ်ပြည်လုံးပဲ။ သူက ဝါဒဖြန့်တာက လက်နက်ကိုင်အဖွဲ့အစည်းတွေလုပ်တယ်ဆိုပြီးတော့” ဟု KNUသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီကဝါဒဖြန့်ရာတွင် လူမျိုးရေး၊ဘာသာရေးမှိုင်းတိုက်သည့် အရေးအသားများဖြင့်လည်း KIAကို ပုတ်ခတ်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဘာသာခြားKIA နှင့် PDF အကြမ်းဖက်များသည်ဗုဒ္ဓဘာသာ ဆရာတော်များအား သတ်ဖြတ်လျက်ရှိသဖြင့် ဘာသာ/လူမျိုး မပျောက်စေရန် အတွက် စစ်ကိုင်းတိုင်းမှ KIA ကို မောင်းထုတ်ကြပါစို့”ဟု စစ်ကောင်စီကဘာသာရေးလူမျိုးရေးမှိုင်းတိုက်ပြီး လုပ်ကြံရေးသားထားသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက်ရဟန်းသံဃာများအပါအဝင် ပြည်သူလူထုများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ပုံစံမျိုးစုံဖြင့် ကျူးလွန်ခဲ့သည်။ထို့အပြင် စစ်ကိုင်းတိုင်းမှ ပြည်သူလူထုနေအိမ် သုံးသောင်းကျော် အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုနေအိမ် ၅၀၀၀၀ ခန့်ကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများကမီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။