Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီက အရပ်သားပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး ပြည်သူနှစ်ဦးကို ဖမ်းသွားဟု KNU ထုတ်ပြန်

ဖမ်းဆီးခံရသည့် အရပ်သားပြည်သူနှစ်ဦးမှာ စောအယ်ထူး အသက် (၃၅)နှစ်နှင့် စောပါချစ် အသက် (၃၀)နှစ် တို့ဖြစ်သည်ဟု ဆိုသည်။

ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီက အရပ်သားပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး ပြည်သူနှစ်ဦးကို ဖမ်းသွားဟု KNU ထုတ်ပြန်
ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီက အရပ်သားပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး ပြည်သူနှစ်ဦးကို ဖမ်းသွားဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ဆောထိမြို့နယ်ရှိ အရပ်သား ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ညှင်းပန်းနှိပ်စက်သတ်ဖြတ်ပြီး နှစ်ဦးကို အကြောင်းမဲ့ဖမ်းဆီးထားကြောင်း KNUက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခမရ(၂၀၇)တပ်ရင်းသည် ဇန်နဝါရီ ၂၂ရက်တွင် ရွှေကျင်မြို့နယ် ဆိတ်ကလေးဆူးတောရွာမှ အသက် (၄၀)အရွယ် ကိုကျော်ဇင်လတ်(ခ)ရှမ်းကြီးကို ဖမ်းဆီးခဲ့ကြောင်း၊ စစ်ကြောရေး၌ သုံးရက်ကြာ စစ်ဆေးခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်တွင် သိမ်ဇရပ်နာရေးကူညီမှုအသင်းကို ခေါ်ယူပြီး ကိုကျော်ဇင်လတ်၏ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ကိုကျော်ဇင်လတ်၏ ရုပ်အလောင်းပြန်ရသည့်အချိန်တွင်ပြင်းထန်သည့် ဒဏ်ရာဒဏ်ချက်များစွာကို တွေ့ရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

သတ်ဖြတ်ခံရသည့် ကိုကျော်ဇင်လတ်သည် ကယ်ရီ လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ဇန်နဝါရီ ၂၂ရက်က ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ဘက်သို့ ကယ်ရီလိုက် သွားကြောင်း၊ ထိုသို့ လိုက်သွားစဉ် ခမရ(၂၀၇) တပ်ရင်းရှေ့ရှိ ကွမ်းယာဆိုင်မှ အသိအမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံစဉ် ကွမ်းယာရောင်းသူ အမျိုးသမီးက ပျောက်သွားသည့်သူမ၏ အမျိုးသားကို ကိုကျော်ဇင်လတ်(ခ)ရှမ်းကြီးက PDF ထံသို့ ခေါ်ဆောင်သွား သည်ဟု စွပ်စွဲကာရန်ရှာခဲ့ရာ ကွမ်းယာဆိုင်၌ ထိုင်နေသည့် စစ်ကောင်စီ တပ်မှူးက ကို ကျော်ဇင်လတ်အား ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂၂ရက်၌ပင် ဆောထိမြို့နယ်တွင် တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် KNU လယ်ဒိုမြို့နယ်၊ တုံးတံတား ကျေးရွာရှိ အရပ်သားပြည်သူနှစ်ဦးကို ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသည့် အကြောင်းအရင်းကို မသိရသေးဘဲ ဇန်နဝါရီ ၂၈ရက်အထိ ပြန်လွတ်လာခြင်းမရှိကြောင်း KNUက ဆိုသည်။

ဖမ်းဆီးခံရသည့် အရပ်သားပြည်သူနှစ်ဦးမှာ စောအယ်ထူး အသက် (၃၅)နှစ်နှင့် စောပါချစ် အသက် (၃၀)နှစ် တို့ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ဒေသအသီးသီး၌ ပြည်သူ လူထုများကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။