Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးအရလမ်းပိတ်သွား၍ လက်နက်ကိုင်ခုခံတော်လှန်ရေးပေါ်လာခြင်းမှာ အံ့ဩစရာမဟုတ်ဘဲ သဘာဝသာဖြစ်ဟု KNU ဥက္ကဋ္ဌပြော

ခုခံတော်လှန်ရေး မုချအောင်မြင်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်ပန်းတိုင် ပြီးမြောက်အောင်မြင် သည်အထိ ဆုံးခန်းတိုင်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်း KNUဥက္ကဋ္ဌက ပြောသည်။

ဓာတ်ပုံ - KIC
ဓာတ်ပုံ - KIC

▪️စစ်အာဏာရှင်ကို တော်လှန်နေသည့် အခြားလူမျိုး၊ အစုဖွဲ့များနှင့် လက်တွဲတိုက်ထုတ်ရမည်ဟု​ပြောကြား

နိုင်ငံရေးအရကြိုးပမ်းမှုများအတွက် လမ်းပိတ် သွားခြင်းနှင့် ရပ်တန့်သွားခြင်းများ ဖြစ်ပေါ်လာပါက လက်နက်ကိုင်ခုခံတော်လှန်ရေး ပေါ်ပေါက်လာမည်သာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

“ထူးခြားပြီး အံ့ဩစရာကောင်းသည့် အကြောင်း တရားမဟုတ်ပေ။ နိုင်ငံရေးအမှန်တရား၏ သဘာ၀ ဖြစ်စဉ်သာဖြစ်ပါသည်”ဟု KNU ဥက္ကဋ္ဌက ပြောသည်။

မနက်ဖြန် ဇန်နဝါရီ ၃၁ရက် ကျရောက်မည့် (၇၄) ကြိမ်မြောက် ကရင်အမျိုးသားခုခံတော်လှန်ရေးနေ့ အတွက် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ မိန့်ခွန်းကို KNUက ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခုခံတော်လှန်ရေး မုချအောင်မြင်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်ပန်းတိုင် ပြီးမြောက်အောင်မြင် သည်အထိ ဆုံးခန်းတိုင်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်း KNUဥက္ကဋ္ဌက ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံရေးရည်မှန်းချက်များဖြစ်သည့် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ အတွက် အာမခံပေးနိုင်ပြီး လူမျိုးတိုင်းနှင့် ပြည်သူလူထု တစ်ရပ်လုံးအတွက် လူတစ်ဦးချင်း၏ တန်းတူ အခွင့်အရေးများနှင့် ကိုယ်ပိုင်လွတ်လပ်မှုများအပြင် လူမျိုးအလိုက်အစုအဖွဲ့အလိုက် လွတ်လပ်မှုနှင့် ရပိုင်ခွင့် အခွင့်အရေးများကို အာမခံချက်ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အခွင့်အရေးများသည် နိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အတိအလင်းပြဌာန်းထားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။

ခုခံတော်လှန်ရေးသည် လူတစ်ဦးတစ်ယောက်၏ အင်အားဖြင့် ကြိုးပမ်းလုပ်ဆောင်ရမည့် အရာမဟုတ်ကြောင်း၊ ထို့ပြင် လူမျိုးတစ်မျိုးတည်းဖြင့် ကြိုးပမး်အားထုတ်ရမည့် အရာလည်းမဟုတ် ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် လူမျိုးတစ်မျိုးအနေဖြင့်အတူတကွ ပူးပေါင်းပြီး လုပ်ဆောင်ကြရမည်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။

“ငါ့မြင်းငါစိုင်းပြီး သူတလူ ငါတမင်းလုပ်ဆောင် ၍ မရပါ”ဟု KNU ဥက္ကဋ္ဌက ပြောသည်

ထို့အပြင် ကြိုးပမ်းအားထုတ်မှုများ ပိုမိုအားကောင်းစေရေးနှင့် အောင်မြင်ရေးအတွက် စစ်အာဏာရှင် စနစ်နှင့် အာဏာရှင်စနစ်များ၏ စရိုက်လက္ခဏာ အလုံးစုံကို ကြိုးပမ်းတော်လှန်နေကြသည့် အခြားသောလူမျိုးများ အစုအဖွဲ့များနှင့်လည်း လက်တွဲတိုက်ထုတ်ကြရမည်ကြောင်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။