Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီလက်​အောက်ဘဏ်လုပ်ငန်းနှင့်လျှပ်စစ်မီး မတည်ငြိမ်မှု​ကအကြီးမားဆုံးအခက်အခဲဖြစ်​ကြောင်းဥရောပကုန်သည်အသင်းဆို

စီးပွားရေးနှင့်ပတ်သတ်ပြီးမှန်ကန်တိကျသည့်သတင်းအချက်အလက်များမရရှိမှုနှင့် ဗီဇာသက်တမ်းကိစ္စအခက်အခဲများသည်လည်းအာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်ပိုမိုအခက်အခဲဖြစ်လာနေသည်ဟု ဥရောပကုန်သည်ကြီးများအသင်းကဆိုသည်။

(ရန်ကုန်တွင် မီးပြတ်​နေသဖြင့်ဖ​ယောင်တိုင်ထွန်း၍ ​ဈေး​ရောင်​နေသူတစ်ဦး ။ဓါတ်ပုံ-The New Yourk Times)
(ရန်ကုန်တွင် မီးပြတ်​နေသဖြင့်ဖ​ယောင်တိုင်ထွန်း၍ ​ဈေး​ရောင်​နေသူတစ်ဦး ။ဓါတ်ပုံ-The New Yourk Times)

ဘဏ်လုပ်ငန်းနှင့်လျှပ်စစ်မီးမတည်ငြိမ်မှုများသည် စစ်​ကောင်စီလက်​အောက် မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန် အကြီးမားဆုံးအခက်အခဲဖြစ်နေကြောင်းမြန်မာနိုင်ငံအခြေစိုက်ဥရောပကုန်သည်ကြီးများအသင်းကထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းထားသည့်ကာလအတွင်းမြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေများအပေါ် မြန်မာနိုင်ငံအခြေစိုက်ဥရောပကုန်သည်ကြီးများအသင်းကသုတေသနစာတမ်းပြုလုပ်ထားခြင်းပြီး ထိုစာတမ်းထဲတွင် စီးပွား​ရေးလုပ်ရန်အခက်အခဲအချက်များကို ​ဖော်ပြထားခြင်းဖြစ်သည်။

ထိုအပြင်စစ်ကောင်စီ၏မတည်ငြိမ်သည့်မူဝါဒမျိုးစုံထုတ်ပြန်နေခြင်းမှာလည်း စီးပွားရေးလုပ်ကိုင်ရန် အခက်ခဲဆုံးအချက်များထဲတွင်တစ်ခုပါဝင်​ကြောင်းလည်းဥရောပကုန်သည်များအသင်းက စစ်​ကောင်စီလက်​အောက်ခံမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်တွေ့ဆုံ​ဆွေး​နွေးစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

စီးပွားရေးနှင့်ပတ်သတ်ပြီးမှန်ကန်တိကျသည့်သတင်းအချက်အလက်များမရရှိမှုနှင့် ဗီဇာသက်တမ်းကိစ္စအခက်အခဲများသည်လည်းအာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်ပိုမိုအခက်အခဲဖြစ်လာနေသည်ဟု ဥရောပကုန်သည်ကြီးများအသင်းကဆိုသည်။

Public Service Announcement

Public Service Announcement

“ဥရောပကုမ္ပဏီတွေက ရေရှည်အတွက်ကြည့်ပြီးရင်းနှီးမြှပ်နှံချင်တာ။ အခုချိန်မှာ အားလုံးခက်ခဲနေတယ်ဆိုတာသိပါတယ်။ ဒီထဲမှာ စီးပွားရေးအရမှာ မူတွေ ခဏခဏပြောင်းတာက အဆိုးဆုံးပါပဲ”ဟုဥရောပကုမ္ပဏီတစ်ခုမှ မန်းနေးဂျင်းဒါရိုက်တာတစ်ဦးက​ပြောသည်။

ဥရောပကုန်သည်ကြီးအသင်းသည် မြန်မာနိုင်ငံတွင်ကုမ္ပဏီပေါင်း ၁၂၀ကျော်ရင်းနှီးမြှပ်နှံလုပ်ကိုင်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဥရောပ နိုင်ငံတွေအတွက် နည်းပညာမြင့် မျိုးဆက်သစ် တိုက်လေယာဉ်တစ်စီး ထုတ်လုပ်ဖို့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ပြင်သစ်နဲ့ ဂျာမနီတို့က ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဥရောပ နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ တပ်ဖွဲ့ဝင်တွေကိုသာ မကဘဲ တိုက်လေယာဉ်တွေ၊ ဖျက်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေနဲ့ တခြားစစ်လက်နက်တွေကိုပါ လျှော့ချသွားဖို့ အမေရိကန် အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။