Connect with us

Hi, what are you looking for?

သတင်း

ချင်းအမျိုးသားတစ်ရပ်လုံး စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ပူးပေါင်းပါဝင်ကြရန် CNF တိုက်တွန်း

ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည် ထောင်တည်ဆောက်ရေးကိုလည်း Stakeholder များနှင့်အတူ ဆက်လက် အကောင်အထည်ဖော်မည်ဟုလည်း ဖော်ပြသည်။

ချင်းအမျိုးသားတပ်ဦး(CNF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်
ချင်းအမျိုးသားတပ်ဦး(CNF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်

ပြည်တွင်း၊ ပြည်ပရှိ ချင်းအမျိုးသားတစ်ရပ်လုံး အနေဖြင့် ချင်းအမျိုးသားတပ်မတော် (CNA) နှင့်အတူ အာဏာရှင် ဆန့်ကျင်တော်လှန်ရေးတွင် မိမိတက်ကျွမ်းရာ ကဏ္ဍအသီးသီးမှ တတက်တအား ပူးပေါင်းပါဝင်ကြရန် CNFက တိုက်တွန်းနှိုးဆော်လိုက်သည်။

ဖေဖော်ဝါရီ ၂၀ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်ကို ယနေ့တွင် ထုတ်ပြန်ခဲ့ရာ အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး ချင်းအမျိုးသားနေ့ အား အမျိုးသားနိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပရန် ဖော်ပြထားသည်။

၂၀၂၁အလွန် အာဏာရှင်ဆန့်ကျင်တွန်းလှန်သည့် စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများသည် ပြည်သူ အခြေပြု ပြည်သူ့တော်လှန်ရေးဖြစ်သည်ဟု CNFက ဆိုသည်။

CNF/CNAအနေဖြင့် လက်ရှိဆင်နွှဲနေသော တော်လှန်ရေး စစ်ပွဲကို အမျိုးသားလွတ်မြောက်ရေး အောင်ပွဲအဖြစ် ခံယူလျက် နိုင်ငံရေးဦးတည်ချက် ယုံကြည်ချက်တူညီသော ညီနောင်လက်နက်ကိုင်မဟာမိတ်များ၊ အမျိုသားညီညွတ်ရေးအစိုးရ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည် ထောင်တည်ဆောက်ရေးကိုလည်း Stakeholder များနှင့်အတူ ဆက်လက် အကောင်အထည်ဖော်မည်ဟုလည်း ဖော်ပြသည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ထူထောင်ရန် ရရာလက်နက် စွဲကိုင်ပြီး နွေဦးတော်လှန်ရေး အတွက် အသက်၊ သွေး၊ချွေး၊ အိုးအိမ်၊ စည်းစိမ်ပေါင်းများစွာ စတေးလျက် ခုခံတော်လှန်စစ်ဆင်နွှဲခဲ့ရာ နွေဦးတော်လှန်ရေး၌ သွေးမြေကျခဲ့သော အာဏာနည်များ၊ ဒဏ်ရာရ ရဲဘော်ရဲဘက်များအားလုံးအပေါ် လေးစားဂါရ၀ပြုကြောင်းလည်း CNFက ထုတ်ပြန်ခဲ့ပြီး လူမှုဒုက္ခပေါင်းစုံရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူအားလုံးအပေါ် လေးစား စာနာကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အတွေးအမြင်

“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”