Connect with us

Hi, what are you looking for?

သတင်း

PRF ရန်ပုံငွေမှ ဒေါ်လာတစ်သန်းခွဲကျော်ကို ပကဖ၊ LDF နှင့် လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများသို့ ပေးအပ်ခဲ့ဟု NUG အသိပေး

ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်နှင့်ပတ်သတ်သော ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းများကို ထောက်ပို့တပ်သားများနှင့်ပြည်သူလူထုသိရှိစေရန် NUGက ယနေ့ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(CDM စစ်သားများစုဖွဲ့ပြီး ထုတ်နိုင်ခဲ့သည့် စစ်လက်နက်များအား တွေ့ရစဉ်။ဓာတ်ပုံ - People’s Soldier Production Team)
(CDM စစ်သားများစုဖွဲ့ပြီး ထုတ်နိုင်ခဲ့သည့် စစ်လက်နက်များအား တွေ့ရစဉ်။ဓာတ်ပုံ - People’s Soldier Production Team)

ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု(PRF)အစီအစဉ် မှလက်ခံရရှိခဲ့သည့် ရန်ပုံငွေများအနက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဒေသကာကွယ်ရေး အဖွဲ့(LDF)များနှင့်စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းများထံသို့ တိုက်ရိုက်ပေးပို့ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်နှင့်ပတ်သတ်သော ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းများကို ထောက်ပို့တပ်သားများနှင့်ပြည်သူလူထုသိရှိစေရန် NUGက ယနေ့ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဉ် စတင်ချိန် ၂၀၂၁ ဒီဇင်ဘာမှ ယခုနှစ် ဖေဖော်ဝါရီ ၂၃ရက်အထိ ၁၅လတာအတွင်း အမေရိကန်ဒေါ်လာ ၉.၄၂သန်းလက်ခံရရှိအသုံးပြုခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ရရှိလာသော ပြည်သူ့ထောက်ပို့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ တပ်ရင်းများထောက်ပံ့စားရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၇ ဒသမ ၈သန်း အသုံးပြုခဲ့သည်ဟု အသိပေးသည်။ ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဉ်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၏ တပ်ရင်းထောက်ပံ့စားရိတ်အတွက် ၇၅ ရာခိုင်နှုန်းနီးပါးအထိထောက်ပံ့ပေးနိုင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေရှာဖွေရေး အစီအစဉ် တခုဖြစ်သည့် PRF- ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု အစီအစဉ် စတင်ခဲ့သည့်အချိန်မှ ယနေ့ထက်တိုင် လစဥ်မပြတ် ထည့်ဝင်ပေးခဲ့သော ထောက်ပို့မိသားစုဝင်များ၊ နိုင်ငံအလိုက် Fundraiser များနှင့် OFP အဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိ အသိအမှတ်ပြုကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။