Connect with us

Hi, what are you looking for?

သတင်း

လားရှိူးသင်္ကြန် မဏ္ဍပ်တွင်ဗုံးကွဲ လူ​လေးဦး​သေဟုကနဦးသတင်းရရှိ

စစ်ကောင်စီအနေဖြင့် လူစည်ကားရာ နေရာများ ပွဲတော်များ၌ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ပြီး တော်လှန်ရေးဘက်တော်သားများကို လွှဲချလေ့ရှိ၍ ပြည်သူများ အနေဖြင့်များစွာသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များက ဧပြီ ၁၁ ရက် ကပင်လူထုသို့သတိပေးခဲ့သည်။

(လားရှိူးတွင် ဗုံးကွဲပြီး​နောက် မြင်ကွင်း။ဓါတ်ပုံ-CJ)
(လားရှိူးတွင် ဗုံးကွဲပြီး​နောက် မြင်ကွင်း။ဓါတ်ပုံ-CJ)

▪︎စစ်ကောင်စီကအကြမ်းဖက်မှုကျူးလွန်ပြီးတော်လှန်ရေးအင်အားစုများကို လွှဲချလေ့ရှိ၍ သင်္ကြန်တွင် ပြည်သူလူထုများစွာသတိပြုရန် NUG ခေါင်းဆောင်များသတိ​ပေးပြီး၂ ရက်အကြာတွင်ဗုံးကွဲခြင်းဖြစ်

လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားဝင်းအနီး သင်္ကြန်မဏ္ဍပ်တွင် ယနေ့(ဧပြီလ ၁၃ရက်) နံနက် ၁၁နာရီ ၄၀မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လေးဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း မြို့ခံတစ်ဦးကပြောသည်။

” ရန်တိုင်းအောင်ဘုရားနားက မဏ္ဍပ်မှာ ပေါက်ကွဲတာ။ ပေါက်ကွဲသံသုံးချက်ကြားလိုက်ရတယ်။ ဗုံးပေါက်ထားလို့ပြောတယ်။ လူငယ် လေးယောက်သေဆုံးပြီး ဒဏ်ရာရတာတွေလည်းရှိတယ်” ဟု မြို့ခံတစ်ဦးက People’s Spring သို့ပြောသည်။

ရန်တိုင်းအောင်ဘုရားသည် လားရှိုးမြို့အဝင်တွင် တည်ရှိသည်။ဗုံးပေါက်ကွဲသည့်အသံသည် အလွန်ကျယ်လောင်ပြီး အနီးပတ်ဝန်းကျင်ရှိ ကားနှင့်ဆိုင်ကယ်အချို့လည်း မီးလောင်နေသည်ဟု သတင်းရရှိသည်။မည်သည့်သူ ၊မည်သည့်အဖွဲ့က ဗုံး​ခွဲသည်ကိုမူမသိရ​သေး​ပေ။

(လားရှိူးတွင် ဗုံးကွဲပြီး​နောက် မြင်ကွင်း။ဓါတ်ပုံ-CJ)
(လားရှိူးတွင် ဗုံးကွဲပြီး​နောက် မြင်ကွင်း။ဓါတ်ပုံ-CJ)

စစ်ကောင်စီအနေဖြင့် လူစည်ကားရာ နေရာများ ပွဲတော်များ၌ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ပြီး တော်လှန်ရေးဘက်တော်သားများကို လွှဲချလေ့ရှိ၍ ပြည်သူများ အနေဖြင့်များစွာသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များက ဧပြီ ၁၁ ရက် ကပင်လူထုသို့သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဒီလို အခြေအနေမှာ ပြည်သူတွေကို ဒီကနေတဆင့် သတင်းစကားပါးလိုတာတော့ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့လိုချင်တဲ့ နည်းလမ်းပေါ် ရောက်ဖို့ ဘယ်သူ့ကို မဆို ချနင်းရဲတဲ့ လူမျိုးတွေ ဖြစ်တာမို့ သတိဝီရိယနဲ့ သွားလာစေချင်ပါတယ်။ ခေတ်အဆက်ဆက်မှာလည်း ဒီလို လူစည်ကားရာ နေရာတွေ၊ ပွဲတော်တွေမှာ အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်ပြီး တော်လှန်ရေး ဘက်တော်သားတွေကို လွှဲချတတ်တဲ့ ဖြစ်စဉ်တွေက ရှိခဲ့ပြီးသားမို့ အင်မတန် သတိထားဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဧပြီ ၁၁ ရက်ကပြုလုပ်​သော အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အစည်းအဝေး၌​​ပြောကြားခဲ့သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း “ဒီလိုအခါကြီး၊ရက်ကြီး အချိန်မျိုးတွေမှာ အကြမ်းဖက်လုပ်ရပ်တွေကို အချိန်ကိုက် လုပ်ဆောင်ပြီး၊ တောင်လှန်ရေးအင်အားစုတွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်တွေကို ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီးထားကြဖို့လိုပါတယ်”ဟုပြည်သူများသို့သတိ​ပေးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။