Connect with us

Hi, what are you looking for?

News

ရဲကင်း အစောင့်စစ်သားတစ်ဦး သေနတ်နဲ့ကိုယ့်ကို ကိုသေကြောင်းကြံ

“သေနတ်သံတော့ ကြားလိုက်တယ်။ ဘာမှတော့ မမြင်လိုက်ရဘူး။ သူတို့စစ်တပ်ကပဲ သယ်သွားတာ” လို့ သင်ပန်းကုန်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ရှိ သင်ပန်းကုန်းရပ်ကွက် ရဲကင်းမှာ ကင်းစောင့်နေတဲ့ စစ်သားတစ်ဦး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေကပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက ရဲကင်းခြံစည်းရိုးဘန်ကာမှာ စောင့်နေတဲ့ တပ်သားဟာ သူကိုင်တဲ့ သေနတ်နဲ့ နားထင်ကိုပစ်ပြီး သေကြောင်းကြံစည်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူများထံကနေစုံစမ်းသိရပါတယ်။

“သေနတ်သံတော့ ကြားလိုက်တယ်။ ဘာမှတော့ မမြင်လိုက်ရဘူး။ သူတို့စစ်တပ်ကပဲ သယ်သွားတာ” လို့ သင်ပန်းကုန်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

သင်ပန်းကုန်းရဲကင်းက စစ်အာဏသိမ်းပြီးတစ်လလောက်ထဲက လမ်းပိတ်ပြီးတပ်စွဲထားတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရဲကင်းအနီးမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကလည်း မီးရှို့ခံထားရတာကြောင့် ပြန်ဆောက်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က သမိုင်းဝင် စီးတော်မြင်းဝန်ကျောင်း မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး သံဃာ ၂ ပါး ဒဏ်ရာရကာ ကျောင်းအဆောင်တွေနဲ့ ကား ၃ စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူငယ် ၁ဦးကို လူ ၁၀ ဦးလောက်ပါတဲ့အဖွဲ့က ဓါးတွေနဲ့ဝိုင်းခုတ်ပြီး ဆိုင်ကယ်လုယက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။