Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း လက်ခံရရှိမယ့် F-16 တိုက်လေယာဉ်တွေဟာ နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်တာကို မမေ့သင့်ကြောင်း ရုရှားပြော

F-16တွေဟာ နျူကလီးယား လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်တယ်ဆိုတဲ့ အချက်ကို သတိမမူမိဘူးဆိုရင် စစ်ရေး မဟာဗျူဟာ အခင်းအကျင်းတွေ အကုန်လုံး တန်ဖိုးမဲ့သွားမှာသာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ယူကရိန်း လက်ခံရရှိမယ့် F-16 တိုက်လေယာဉ်တွေဟာ နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်တာကို မမေ့သင့်ကြောင်း ရုရှားပြော
ယူကရိန်း လက်ခံရရှိမယ့် F-16 တိုက်လေယာဉ်တွေဟာ နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်တာကို မမေ့သင့်ကြောင်း ရုရှားပြော

အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေဟာ နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်ပြီး အဲဒီ လေယာဉ်တွေ ယူကရိန်းဆီ ထောက်ပံ့ခြင်းဟာ ပဋိပက္ခတွေကို ပိုမို ဆိုးရွားလာစေလိမ့်မယ်လို့ ရုရှားက ပြောကြားခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ ယူကရိန်းဆီ F-16တွေ တိုက်ရိုက် ထောက်ပံ့မှာ မဟုတ်ပေမယ့် ဥရောပ မဟာမိတ် နိုင်ငံတွေက ဝယ်ယူထားတဲ့ F-16တွေကို ယူကရိန်းဆီ လွှဲပြောင်းပေးမယ် ဆိုရင်တော့ ကန့်ကွက်မှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။ F-16တွေဟာ အမေရိကန်မှာ ထုတ်လုပ်ရောင်းချရမှု အများဆုံး တိုက်လေယာဉ် အမျိုးအစားတစ်ခု ဖြစ်ခဲ့သလို စွမ်းဆောင်ရည်ပိုင်း ကောင်းသထက် ကောင်းလာအောင် စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုတွေ ရှိနေပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က F-16တွေဟာ နျူကလီးယား လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်စွမ်း ရှိတယ်ဆိုတဲ့ အချက်ကို ရုရှားက အလေးအနက် သတိပြုထားကြောင်း ဆိုပါတယ်။

F-16တွေကို အဆင့်မြှင့်တင်ထားတဲ့ ကဏ္ဍတစ်ခုက နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်တယ်ဆိုတဲ့ အချက်ဖြစ်ကြောင်း၊ ဒါကို မမေ့မလျော့ အာရုံစိုက်ထားဖို့လိုကြောင်း လက်ဗ်ရော့ဗ်က တာဂျစ်ကစ္စတန်နိုင်ငံ၊ ဒူရှန်ဘီမှာရှိတဲ့ စစ်အခြေစိုက် စခန်းတစ်ခုမှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ဖော်ပြသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

F-16တွေဟာ နျူကလီးယား လက်နက်တွေ တပ်ဆင် ပစ်ခတ်နိုင်တယ်ဆိုတဲ့ အချက်ကို သတိမမူမိဘူးဆိုရင် စစ်ရေး မဟာဗျူဟာ အခင်းအကျင်းတွေ အကုန်လုံး တန်ဖိုးမဲ့သွားမှာသာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ရုရှားရဲ့ လေကြောင်းစွမ်းရည် အသာစီးရမှုကို တုံ့ပြန်နိုင်ဖို့အတွက် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ပေးကြဖို့ အနောက်ဥရောပ မဟာမိတ်တွေဆီ ကာလရှည်ကြာ တောင်းဆိုထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။