Connect with us

Hi, what are you looking for?

News

ဘားအံမှာ စစ်ကောင်စီတပ်တွေ လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေ ဖမ်းဆီးဒဏ်ရိုက်နေလို့ ဒေသခံတွေ ထိခိုက်

“နစ်နာတာပေါ့ ဒီမှာပိုက်ဆံမရှိပါဘူးဆိုမှ သုံးသောင်းခွဲဆိုတော့ တော်တော်လေးနစ်နာတာပေါ့။ ဆီဈေးကလည်း တက်။ အလုပ်ကလည်း မသွားမနေရ သွားနေရတဲ့သူဆို ပိုပြီးတော့ ထိတာပေါ့။ ဒါက ပြည်သူအတွက် ခက်ခဲအောင်လုပ်တာ”လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။

ဘားအံမြို့မှာ အကြမ်းဖက်စစ်ကောင်စီက လိုင်စင်မဲ့ ကားဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးပြီး ဒဏ်ရိုက်နေတာဟာ ဒေသခံပြည်သူတွေအတွက်ကို ထိခိုက်စေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အခုလိုကာလတွေမှာ စက်သုံးဆီဈေးနှုန်းတက်တာနဲ့ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့် ပြည်သူတွေဟာ အခက်အခဲတွေကြုံနေရတဲ့အချိန်မှာ ဒီလို စစ်ကောင်စီလက်အောက်ခံတွေက လိုင်စင်မဲ့ယာဉ်တွေကို စစ်ဆေးဒဏ်ရိုက်တာ၊ အရေးယူတာတွေ လုပ်ဆောင်နေတာဟာ ပြည်သူတွေအတွက် အရမ်းနစ်နာတယ်လို့ မြို့ခံတစ်ဦးက ပြောပါသေးတယ်။

“နစ်နာတာပေါ့ ဒီမှာပိုက်ဆံမရှိပါဘူးဆိုမှ သုံးသောင်းခွဲဆိုတော့ တော်တော်လေးနစ်နာတာပေါ့။ ဆီဈေးကလည်း တက်။ အလုပ်ကလည်း မသွားမနေရ သွားနေရတဲ့သူဆို ပိုပြီးတော့ ထိတာပေါ့။ ဒါက ပြည်သူအတွက် ခက်ခဲအောင်လုပ်တာ”လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ဘားအံမြို့ပေါ်နဲ့ မြိုရဲ့ပတ်ဝန်းကျင်နေရာတွေမှာ စစ်ကောင်စီလက်အောက်ခံ ရဲ နယ်ခြားစောင့်တပ် ယာဉ်ထိန်းရဲစတဲ့ပါဝင်တဲ့ အဖွဲ့ပေါင်းစုံဟာ လိုင်စင်မဲ့ ကား မော်တော်ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးပြီး ဒဏ်ငွေရိုက်တာ၊ အဖွဲ့အစည်းစတေကာနဲ့ စတေကာအမဲ ကပ်ထားတာတွေရှိပါက ခွာခိုင်းတာ၊ ယာဉ်မောင်းလိုင်စင်ရှိမရှိ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြေပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ စက်တင်ဘာ ၂၈ ရက်နဲ့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ဘားအံမြို့ အမှတ် ၇ ရပ်ကွက်ရုံးရှေ့နေရာ၊ ဘားအံကမ်းနားလမ်းနဲ့ သိမ်တော်ကြီးကွေ့နေရာတွေမှာ ယာဉ်ထိန်းရဲဦးဆောင်တဲ့အဖွဲ့တွေက လိုင်စင်မဲ့ ကားဆိုင်ကယ်တွေကို စစ်ဆေးမေးမြန်းပြီး အထောက်အထားမပြနိုင်ပါက ဒဏ်ကြေးသုံးသောင်းခွဲဆောင်ခိုင်းနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“အခုဒီမနက်ဖမ်းတာ။ သွားရင်းနဲ့ ဒဏ်ကြေးပဲသုံးသောင်းခွဲ ပေးလိုက်ရတာ။ ဦးထုပ်မပါလို့။ ဦးထုပ် မောင်းလိုင်စင်တို့ဘာတို့ အကုန်ပြောတာပဲ။ အခုတရားရုံးမှာသွားဆောင်ရတာ။ ကားတွေကျတော့ စတေကာမခွာတာတို့ နည်းအမျိုးမျိုးပေါ့ကွယ် ရစ်တယ် လိုင်စင်မပါတာတို့ ။ ရစ်ပြီးတော့ ဒဏ်ကြေးသုံးသောင်းခွဲဆောင်ခိုင်းတယ်။ အဖွဲ့အစည်းလက်မှတ်လုပ်ခိုင်းတယ်လို့ကြားတယ်။ ဆိုင်ကယ်လိုင်စင်လုပ်ခိုင်းတယ်။ ဘတ်ဂျက်ရှာတာဖြစ်ဖို့များတယ်။ သိမ်းတော့မသိမ်း ဒဏ်ကြေးပဲဆောင်ခိုင်းတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အဖွဲ့အစည်းလက်မှတ်မရှိတဲ့ လိုင်စင်မဲ့ယာဉ်တွေကို နယ်ခြားစောင့်တပ်(BGF)နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ အစရှိတဲ့ အဖွဲ့အစည်းလက်မှတ်ပါတဲ့ ယာဉ်ထောက်ခံချက်တွေကို ပြုလုပ်ဆောင်ရွက်ခိုင်းနေပြီး လက်ရှိမှာ အဖွဲ့အစည်းလက်မှတ်ပေါက်ဈေးဟာ အရင်ကထက်ပိုမိုများလာတယ်လို့ ဘားအံမြို့ခံတစ်ဦးထံကနေ သိရပါတယ်။

လက်ရှိ အဖွဲ့အစည်းလက်မှတ်ရဲ့ ပေါက်ဈေးဟာ အရင်က တစ်သိန်းကျော်သာရှိပေမယ့် အခုအခါမှာတော့ ယာဉ်တစ်စီးအတွက် အဖွဲ့အစည်းလက်မှတ်တန်ဖိုးက ငွေကျပ်သုံးသိန်းဝန်းကျင် ရှိတယ်လို့ အဖွဲ့အစည်းလက်မှတ်ပြုလုပ်နေသူတွေထံကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။