အောက်တိုဘာ – ၂၆ ၊၂၀၂၆ ၊ မေနွယ်ဦး /People’s Spring
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကြာအင်းတောင်ဆီ ဒီနေ့ (အောက်တိုဘာ ၂၆ ရက်) သီတင်းကျွတ်လပြည့်နေ့မှာ လာရောက်လည်ပတ်တဲ့ ခရီးသွားတစ်ဦး မူးလဲပြီး အသက်ဆုံးပါးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဒီနေ့ သီတင်းကျွတ်လပြည့်နေ့မှာ ဘားအံမြို့ဆီ လာရောက်လည်ပတ်သူတွေများပြားနေသလို ကရင်ပြည်နယ်ကအထင်ကရနေရာတစ်နေရာဖြစ်တဲ့ ကြာအင်းတောင်ပေါ်ကိုလည်းလည်ပတ်ကြသူတွေရှိနေတာပါ။
ဒီမနက်ပိုင်း ကြာအင်းတောင်ပေါ်ကို လာရောက်လည်ပတ်တဲ့ ရန်ကုန်မြို့က အသက် ၆၅အရွယ် အမျိုးသားတစ်ဦး မူးလဲပြီး သေဆုံးသွားခဲ့ပြီး ၊ အဲဒီအမျိုးသားဟာ နှလုံးရောဂါအခံရှိသူတစ်ဦး ဖြစ်တယ်လို့ ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။

Public Service Announcement
ဒီမနက်ပိုင်းဘားအံမြို့ရဲ့ ရာသီဉတုကတော့ မိုးအုံခဲ့ပါတယ်။
ဒါ့အပြင် မနေ့ (အောက်တိုဘာလ ၂၅ ရက်) ညပိုင်းကလည်း ဇွဲကပင်တောင်ကြော၊ နွားလပို့တောင်ထွတ်ကိုတက်ကြတဲ့ Grade-12 ကျောင်း သားလူငယ် ခုနှစ် ဦးတို့ဟာလမ်းပျောက်သွားခဲ့ပြီး တောင်ပေါ်က ပြန်မဆင်းတတ်တာကြောင့် မီးသတ်နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လမ်းပြခဲ့ရတယ်လို့ရပါတယ်။
လူငယ် ခုနှစ် ဦး လမ်းပျောက်နေတယ်ဆိုတာကို ည ၇ နာရီ ၁၇ မိနစ် မှာသတင်းရတာဖြစ်ပြီး ၂ နာရီခွဲခန့်အကြာ ည ၉ နာရီခွဲအချိန်မှာတော့ အဲဒီလူငယ်တွေကို တောင်အောက်ကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။
ပြည်တွင်းခရီးသွားတွေကြား နာမည်ကြီးနေတဲ့ ဘားအံမြို့က ကြာအင်းတောင် (ပုံဟောင်း) ဓာတ်ပုံ – လူမှုကွန်ရက်





















































