Connect with us

Hi, what are you looking for?

သတင်း

KTLAတပ်ဖွဲ့ပစ်ခတ်၍ KNU တပ်မဟာ(၄) တပ်မှူးတစ်ဦး သေဆုံး

ဇူလိုင် ၁၉ရက်က KNLA တပ်မှူးပါသည့် ကားကို ထားဝယ်မြို့နယ် ဖောင်းတောရွာနှင့် မိုင် ၄၀ ရွာကြား၌ KTLAက ပစ်ခတ်ခဲ့ရာ KNLA ဘက်က ဗိုလ်မှူးအပါအဝင် ၂ဦး သေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNLA စစ်ဌာနချုပ်၏ ကရင်ဘာသာဖြင့် ဖော်ပြချက်ကို The Taninthary Times က ဖော်ပြသည်။

(အသတ်ခံရသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)၊ တပ်ရင်း (၁၀)တပ်မှူးအား တွေ့ရစဉ်)
(အသတ်ခံရသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)၊ တပ်ရင်း (၁၀)တပ်မှူးအား တွေ့ရစဉ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)၊ တပ်ရင်း (၁၀) နယ်မြေ၌ KNLA တပ်မှူးတစ်ဦးအား ကော်သူးလေအာမီ(KTLA)တပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၁၉ရက်က KNLA တပ်မှူးပါသည့် ကားကို ထားဝယ်မြို့နယ် ဖောင်းတောရွာနှင့် မိုင် ၄၀ ရွာကြား၌ KTLAက ပစ်ခတ်ခဲ့ရာ KNLA ဘက်က ဗိုလ်မှူးအပါအဝင် ၂ဦး သေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNLA စစ်ဌာနချုပ်၏ ကရင်ဘာသာဖြင့် ဖော်ပြချက်ကို The Taninthary Times က ဖော်ပြသည်။

ယင်းနှင့်ပတ်သက်၍ KNU သတင်းရင်းမြစ်က “ဆုံးသွားတာ သေချာတယ်။ သူက တပ်မဟာ(၄) တပ်ရင်း(၁၀)နယ်မြေပေါ့။ အဲဒီမှာ သွားတော့ အဲဒီ နေရာက KTLA လှုပ်ရှားတဲ့နေရာပေါ့။ အဲဒီနေရာကလည်း ပြီးခဲ့တဲ့ ၁၅ရက်ကလည်း KTLA စာထုတ်ထားတယ်။ မသွားလာကြဖို့ တားမြစ်စာထုတ်ထားတယ်။ အခု ဖြစ်တဲ့ ပြဿနာကလည်း သူတို့ ပြောတာ အသိပေးတယ်။ဒါပေမယ့် ဘယ်လိုဖြစ်သွားသလဲ ဆိုတာ ကျနော်တို့လည်း မသိရဘူး” ဟု ပြောသည်။

ယခင်ကလည်း KNU တပ်မဟာ(၄)နယ်မြေတွင် KNUနှင့် KTLA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၄)၏သတင်းပြန်ကြားရေးဌာနကလည်း ၎င်းတို့ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်ကို ကရင်ဘာသာဖြင့် သတင်းထုတ်ပြန်ထားပြီး ကျဆုံးခဲ့သည့် အရာရှိ၏ဓာတ်ပုံကို ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။