Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ အသေခံ ဗုံးခွဲမှုကြောင့် တရုတ် အင်ဂျင်နီယာတွေ သေဆုံး

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်မှာ အသေခံ ဗုံးခွဲမှုကြောင့် တရုတ် အင်ဂျင်နီယာတွေ သေဆုံး
ပါကစ္စတန်မှာ အသေခံ ဗုံးခွဲမှုကြောင့် တရုတ် အင်ဂျင်နီယာတွေ သေဆုံး

ပါကစ္စတန် နိုင်ငံမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု တစ်ခုကြောင့် တရုတ်နိုင်ငံသား အင်ဂျင်နီယာ ၅ ဦးနဲ့ ဒေသခံ ယာဉ်မောင်း ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။

မတ်လ ၂၆ ရက်နေ့က ခိုင်ဘာ ပက်ခ်တွန်ခွာ ပြည်နယ်ထဲက ရှန်ဂလာမြို့နားမှာ တရုတ်နိုင်ငံသားတွေ လိုက်ပါလာတဲ့ ကားတစီးကို ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ တခြားကား တစီးက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပြီးတဲ့ နေရာမှာတော့ အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားတဲ့ ယာဉ် အစိတ်အပိုင်းတွေကိုသာ တွေ့ခဲ့ရပါတယ်။

တရုတ် အစိုးရဟာ ပါကစ္စတန်က အခြေခံ အဆောက်အအုံ စီမံကိန်းတွေမှာ ဒေါ်လာ ဘီလီယံတွေနဲ့ချီ ရင်းနှီး မြှုပ်နှံထားပြီး အဲဒီအတွက် တရုတ် အင်ဂျင်နီယာတွေနဲ့ တခြားပညာရှင်တွေကိုလည်း စေလွှတ်ထားပါတယ်။

အခု သေဆုံးသွားတဲ့ အင်ဂျင်နီယာတွေကလည်း ပါကစ္စတန်ရဲ့ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း ဖြစ်လာမယ့် ဒါဆူ ရေလှောင်တမံ တည်ဆောက်မှု လုပ်ငန်းခွင်ဆီ ဦးတည်နေတုန်း အသေခံ ဗုံးခွဲ ခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

ဒီကိစ္စဟာ ပါကစ္စတန်ရောက် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး တစ်ပတ်အတွင်း သုံးကြိမ်မြောက် ကျူးလွန်တဲ့ တိုက်ခိုက်မှုလည်း ဖြစ်လာပါတယ်။ မကြာသေးခင်ကလည်း ဘာလိုချီစတန် ပြည်နယ်ထဲက တရုတ်တွေ ရှိနေရာ ရေတပ်စခန်း တစ်ခုနဲ့ ဆိပ်ကမ်းတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်မှု ခံခဲ့ရပါသေးတယ်။

ရှန်ဂလာမြို့က ဖြစ်စဉ် အပြီးမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျူးလွန်သူတွေကို ဖြန့်ကျက် ရှာဖွေနေပြီး ဘယ်အဖွဲ့အစည်း လက်ချက်ဆိုတာကိုတော့ တိတိကျကျ မထုတ်ပြန်သေးပါဘူး။

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

တရုတ်နဲ့ ပါကစ္စတန် အစိုးရတွေကတော့ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အသေခံ ဗုံးခွဲမှုနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။