Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ အသေခံ ဗုံးခွဲမှုကြောင့် တရုတ် အင်ဂျင်နီယာတွေ သေဆုံး

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်မှာ အသေခံ ဗုံးခွဲမှုကြောင့် တရုတ် အင်ဂျင်နီယာတွေ သေဆုံး
ပါကစ္စတန်မှာ အသေခံ ဗုံးခွဲမှုကြောင့် တရုတ် အင်ဂျင်နီယာတွေ သေဆုံး

ပါကစ္စတန် နိုင်ငံမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု တစ်ခုကြောင့် တရုတ်နိုင်ငံသား အင်ဂျင်နီယာ ၅ ဦးနဲ့ ဒေသခံ ယာဉ်မောင်း ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။

မတ်လ ၂၆ ရက်နေ့က ခိုင်ဘာ ပက်ခ်တွန်ခွာ ပြည်နယ်ထဲက ရှန်ဂလာမြို့နားမှာ တရုတ်နိုင်ငံသားတွေ လိုက်ပါလာတဲ့ ကားတစီးကို ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ တခြားကား တစီးက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပြီးတဲ့ နေရာမှာတော့ အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားတဲ့ ယာဉ် အစိတ်အပိုင်းတွေကိုသာ တွေ့ခဲ့ရပါတယ်။

တရုတ် အစိုးရဟာ ပါကစ္စတန်က အခြေခံ အဆောက်အအုံ စီမံကိန်းတွေမှာ ဒေါ်လာ ဘီလီယံတွေနဲ့ချီ ရင်းနှီး မြှုပ်နှံထားပြီး အဲဒီအတွက် တရုတ် အင်ဂျင်နီယာတွေနဲ့ တခြားပညာရှင်တွေကိုလည်း စေလွှတ်ထားပါတယ်။

အခု သေဆုံးသွားတဲ့ အင်ဂျင်နီယာတွေကလည်း ပါကစ္စတန်ရဲ့ အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်း ဖြစ်လာမယ့် ဒါဆူ ရေလှောင်တမံ တည်ဆောက်မှု လုပ်ငန်းခွင်ဆီ ဦးတည်နေတုန်း အသေခံ ဗုံးခွဲ ခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

ဒီကိစ္စဟာ ပါကစ္စတန်ရောက် တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး တစ်ပတ်အတွင်း သုံးကြိမ်မြောက် ကျူးလွန်တဲ့ တိုက်ခိုက်မှုလည်း ဖြစ်လာပါတယ်။ မကြာသေးခင်ကလည်း ဘာလိုချီစတန် ပြည်နယ်ထဲက တရုတ်တွေ ရှိနေရာ ရေတပ်စခန်း တစ်ခုနဲ့ ဆိပ်ကမ်းတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်မှု ခံခဲ့ရပါသေးတယ်။

ရှန်ဂလာမြို့က ဖြစ်စဉ် အပြီးမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျူးလွန်သူတွေကို ဖြန့်ကျက် ရှာဖွေနေပြီး ဘယ်အဖွဲ့အစည်း လက်ချက်ဆိုတာကိုတော့ တိတိကျကျ မထုတ်ပြန်သေးပါဘူး။

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

တရုတ်နဲ့ ပါကစ္စတန် အစိုးရတွေကတော့ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အသေခံ ဗုံးခွဲမှုနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အနာဂတ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်ကြုံလာမယ် ဆိုရင်လည်း အိန္ဒိယဟာ သည်းသည်းမည်းမည်း လက်တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကို လျှော့ချဖို့ ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ခြင်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို အသစ်ကနေ ပြန်စလိုက်နိုင်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုတွေမှာ အဆင်ပြေ ချောမွေ့ခဲ့ကြတယ်လို့ တရုတ်ရော၊ အမေရိကန်ကပါ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်နဲ့ စစ်ရေး ပဋိပက္ခအတွင်းမှာ တိုက်လေယာဉ်တွေ ဆုံးရှုံးခဲ့ကြောင်း အိန္ဒိယ လေတပ်က အတည်ပြုခဲ့ပါတယ်။

Facebook