သတင်း မန္တလေးမှာ ပိုင်ရှင်မဲ့အမျိုးသမီးအလောင်းတွေ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။ ludunwayooစက်တင်ဘာ 17, 2026
သတင်း PDF ဇိုလဲန်းတပ်ဖွဲ့ထံက ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ထက်ဝက်ခန့် လွတ်မြောက်၊ ၂၀ ဦးခန့် ပြန်ဖမ်းမိ ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ludunwayooစက်တင်ဘာ 17, 2026
သတင်း ရွှေဘိုမှာ ဘုန်းကြီးကျောင်းရေသန့်စက်ဖွင့်ပွဲ စစ်တပ်ဗုံးကြဲမှု ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ၊ အမျိုးသား ၂ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 17, 2026
သတင်း ဝတ်မှုံရွှေရည်ရဲ့ဖက်ရှင်ဓာတ်ပုံတွေကို Vogue Thailand ဖြုတ်ချ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်မိသားစုနဲ့ စီးပွားရေးဆက်နွယ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်ဖြိုးကျော်ရဲ့ဇနီးသရုပ်ဆောင် ဝတ်မှုံရွှေရည်ဖက်ရှင်ဓာတ်ပုံတွေကိုဖော်ပြရာမှာကန့်ကွက်မှုတွေကြောင့် အဲဒီဓာတ်ပုံတွေကို လူမှုကွန်ရက်စာမျက်နှာတွေကနေ Vogue Thailand က ပြန်လည်ဖယ်ရှားလိုက်ပါပြီ။ ludunwayooစက်တင်ဘာ 17, 2026
နိုင်ငံတကာ ကုန်းပိတ်ဒေသတွေကို ပင်လယ်နဲ့ ချိတ်ဆက်ပေးမယ့် ၈၃ မိုင်ခန့် ရှည်တဲ့ တူးမြောင်းကြီး တရုတ်မှာ ဖွင့်လှစ် ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။ ludunwayooစက်တင်ဘာ 17, 2026
သတင်း ကပစ(၁၆)အနီး တိုက်ပွဲဆက်ပြင်းထန်နေ ၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်းတောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 17, 2026
နိုင်ငံတကာ မက္ကာမြို့ကို တိုက်ခိုက်ဖို့ ဟိုသီတပ်တွေ ကြိုးစားခဲ့ကြောင်း ဆော်ဒီစွပ်စွဲ အစ္စလာမ်မစ် ဘာသာရေးရဲ့ အထွဋ်အမြတ် နယ်မြေဖြစ်တဲ့ မက္ကာမြို့ကို ဟိုသီတွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြောင်း ဆော်ဒီအာရေးဘီးယားက စွပ်စွဲ ပြောကြားလိုက်ပါတယ်။ ludunwayooစက်တင်ဘာ 17, 2026
သတင်း ရှမ်းတပ် RCSS နဲ့ စစ်တပ်စီ ထပ်မံ တွေ့ဆုံဆွေးနွေး ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့ ludunwayooစက်တင်ဘာ 17, 2026
သတင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင် မြင်းခြံထောင်မှာ ကွယ်လွန် မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 17, 2026
သတင်း ဝါရီဆူးပလိုင်ရွာတိုက်ပွဲ KNA ရဲဘော် ၂ဦး ကျဆုံး ရှမ်း-ကရင်နီပြည်ဒေသအစပ်က ဝါရီဆူးပလိုင်ရွာ တိုက်ပွဲမှာ ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooစက်တင်ဘာ 17, 2026