Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်လေတပ် အမောင်းသင် တိုက်လေယာဉ်နှစ်စီး လေထဲတိုက်မိပြီး ပျက်ကျ၊ လေယာဉ်မှူး ၄ ဦးသေဆုံး

ဖိလစ်ပိုင် လေတပ်ရဲ့ အမောင်းသင် လေယာဉ်နှစ်စီး လေထဲမှာ တိုက်မိပြီး ပျက်ကျရာက လေယာဉ်မှူး ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင် လေတပ်ရဲ့ အမောင်းသင် လေယာဉ်နှစ်စီး လေထဲမှာ တိုက်မိပြီး ပျက်ကျရာက လေယာဉ်မှူး ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင် လေတပ်ရဲ့ အမောင်းသင် လေယာဉ်နှစ်စီး လေထဲမှာ တိုက်မိပြီး ပျက်ကျရာက လေယာဉ်မှူး ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ကတုန်းက ဖြစ်ပွားခဲ့တဲ့ လေကြောင်းမတော်တဆမှု သတင်းကို အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာ ဖိလစ်ပိုင် လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။ SF-260 အမျိုးအစား ပန်ကာတစ်လုံးတပ် အမောင်းသင် လေယာဉ်တွေဟာ ဘာတန်ဂက်စ် ပြည်နယ်ထဲက ဖာနန်ဒို လေတပ်စခန်းကနေ ပျံတက်ပြီး လေ့ကျင့်ပျံသန်းရင်း ပျက်ကျခဲ့တာလို့ လေတပ်က ပြောပါတယ်။

လေတပ် ထုတ်ပြန်ချက်မှာ အမောင်းသင် လေယာဉ်ငယ်တွေ ပျက်ကျတဲ့ အကြောင်းရင်း မပါဝင်ပေမယ့် ပြည်တွင်း မီဒီယာတွေကတော့ အချင်းချင်း တိုက်မိခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။

လေယာဉ်တွေဟာ လေတပ်စခန်းရဲ့ ဧရိယာထဲမှာပဲ ပျက်ကျခဲ့ကြတာ ဖြစ်ပေမယ့် မြေပြင်ပေါ်မှာတော့ ထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူး။ အခုဖြစ်စဉ်အပြီး ဖိလစ်ပိုင် လေတပ်ဟာ SF-260 အမောင်းသင် လေယာဉ်တွေ အားလုံးကို ပျံသန်းခွင့် ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် အခြေအနေတွေကို စုံစမ်းနေဆဲလို့လည်း လေတပ်က ပြောပါတယ်။

မေလတုန်းကလည်း SF-260 တစ်စီးဟာ ဖိလစ်ပိုင် မြောက်ပိုင်းက တောင်ထူထပ်ရာ ဧရိယာ တစ်ခုဆီ ပျက်ကျခဲ့ပြီး လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ဖူးပါတယ်။ နောက်ထပ် အမျိုးအစားတူ လေယာဉ်တစ်စီးဟာလည်း ၂၀၂၃ ခုနှစ်က လေ့ကျင့်ပျံသန်းရင်း ပျက်ကျတာကြောင့် လိုက်ပါသွားသူ ၂ ဦးစလုံး အသက်ဆုံးရှုံးခဲ့ပါတယ်။

အဲဒီလေယာဉ်တွေဟာ အမောင်းသင်ဖို့အတွက် အဓိက ရည်ရွယ်ထားတာ ဖြစ်ပေမယ့် ၂၀၁၇ တုန်းက အိုင်အက်စ် အကြမ်းဖက် အဖွဲ့ကို သစ္စာခံတဲ့ စစ်သွေးကြွတွေက နိုင်ငံတောင်ပိုင်း၊ မာရာဝီမြို့ကို သိမ်းယူထားခဲ့တုန်းက ဖိလစ်ပိုင် စစ်တပ်ဟာ SF-260တွေကို လေကြောင်းတိုက်ခိုက်မှုတွေအတွက် အသုံးပြုခဲ့ဖူးပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ နှစ်ဖက် လေယာဉ်တွေချင်း ငြိခဲ့ကြတဲ့ ကိစ္စအတွက် တရုတ်နဲ့ ဖိလစ်ပိုင်တို့က အပြန်အလှန် စွပ်စွဲ ပြစ်တင်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နဲ့ ပိုင်နက် အငြင်းပွားမှုတွေ ရှိနေရာ တောင်တရုတ်ပင်လယ် အစိတ်အပိုင်းမှာ တရုတ်က ရေပြင်နဲ့ဝေဟင် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။