အောက်တိုဘာ – ၂၄ ၊၂၀၂၆
မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲပြုတ်ကျသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဒီနေ့ညနေပိုင်း ၆ နာရီ ၅ မိနစ်ခန့်က အဲဒီဖြစ်စဉ်ဖြစ်ခဲ့တာပါ။
“ရုံးပိတ်ရက်စပြီဆိုတော့ ပြင်ဦးလွင်ကိုအတက်ကားတွေအရမ်းများနေတာ၊ ည၈နာရီထိကိုကယ်ဆယ်ရေးတွေလုပ်နေတာ”လို့ ပြင်ဦးလွင်ကနေဆင်းလာတဲ့ ခရီးသည်တစ်ဦးကပြောပါတယ်။

Public Service Announcement
ချောက်ထဲကျသွားတဲ့ ခရီးသည်တင်အဝေးပြေးကားဟာ ပြင်ဦးလွင်ကနေ ဆင်းလာတာလို့သိရပါတယ်။ ကားပေါ်မှာ ခရီးသည်တွေ ပါလာပြီးထိခိုက် မှုအခြေအနေကိုတော့အသေးစိတ်မသိရသေးပါဘူး။
ခရီးသည်တင်ကားဟာယာဉ်တိုက်မှု ဖြစ်ပြီး လမ်းဘေးချောက်ထဲ ကျသွားတာလို့ ကနဦးသိရပါတယ်။
အခင်းဖြစ်တဲ့နေရာအနီးမှာလည်း အိမ်စီးကားတစ်စီး အတိုက်ခံထားရတာကိုတွေ့ရပါတယ်။

















































