သတင်း မိုင်းရှူးရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို SSPP စီးနင်းပြီး တရုတ်နိုင်ငံသားအချို့ ဖမ်းဆီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားမဝင်တရုတ်နိုင်ငံသားအချို့ နှင့် ငွေလိမ်လုပ်ငန်း ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA)က ယနေ့ (မတ်လ ၂၄ရက်) သတင်းထုတ်ပြန်သည်။ ludunwayooမတ် 25, 2025
နိုင်ငံတကာ ဖခင်ခိုင်းသမျှ လိုက်လုပ်နေရကြောင်း စွပ်စွဲချက်နဲ့ အယုံအကြည်မရှိအဆို တင်သွင်းခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်အပေါ် အတိုက်အခံ အင်အားစုတွေက အယုံအကြည်မရှိ အဆိုတင်သွင်းထားမှုအတွက် အပြန်အလှန် စကားစစ်ထိုးမှုတွေကို မတ်လ ၂၄ ရက်နေ့က လွှတ်တော်မှာ စတင်ခဲ့ပါတယ်။ ludunwayooမတ် 24, 2025
ဆောင်းပါး “မိခင်တွေ သောကပြိုင်ကြရတဲ့နေ့ “ စကျင်ကျောက်သားဖြူဖြူနဲ့ထုထားတဲ့ ဗုဒ္ဓဆင်းတုတော်ရှေ့မှာ စတစ်ကော်လာအဖြူနဲ့ ပုဆိုးကို ကျကျနနဝတ်ထားတဲ့လူတစုက ထိုင်နေတယ်။ သူတို့ရှေ့မှာတော့ ငါးဆယ်အထက် လူကြီးပိုင်းတွေ မျက်နှာမသာမယာနဲ့ထိုင်နေကြတယ်။ ludunwayooမတ် 24, 2025
နိုင်ငံတကာ ဂျာမနီ ဘောလုံးပရိသတ်တွေအတွက် အမှတ်မထင် သူရဲကောင်း ဖြစ်ခဲ့တဲ့ ဘောကောက်လူငယ်လေး ပြီးခဲ့တဲ့ သီတင်းပတ်က ယှဉ်ပြိုင်တဲ့ ဥရောပ နိုင်ငံများ အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ နာမည်ကြီး ဂျာမနီဟာ အီတလီ အသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ်အရ အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ ludunwayooမတ် 24, 2025
သတင်း နမခ တိုက်ခိုက်မှု စစ်ကောင်စီတပ် ထိခိုက်မှုများဟု BWM ပြော စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အရာရှိ တစ်ဦးအပါအဝင် ကိုးဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၆ဦးခန့်ရှိကြောင်း ယင်းစစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့သည့် Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူက ပြောသည်။ ludunwayooမတ် 24, 2025
သတင်း ပေါက်မြို့နယ် ရေနယ်နံမှော်အနီးရွာကို စစ်ကောင်စီက မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၄ ဦးခန့် ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင် မကွေးတိုင်း၊ပေါက်မြို့နယ်၊ ရေနယ်နံမှော်အနီး နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄ဦးခန့် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ludunwayooမတ် 24, 2025
သတင်း ထားဝယ်မြို့ မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကောင်စီဂိတ်အား တိုက်ခိုက် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး ဂိတ်ချ၍ ပြည်သူများအားဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ludunwayooမတ် 24, 2025
သတင်း စလင်းမြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူ၊ သတ်ဖြတ်ခံရသည့် ပြည်သူလေးဦး၏ ရုပ်အလောင်းတွေ့ မကွေးတိုင်း၊ စလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ရက်စက်စွာသတ်ဖြတ်ခံရသည့် ပြည်သူလေးဦး၏ရုပ်အလောင်းတွေ့ရှိကြောင်း စလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ ludunwayooမတ် 24, 2025
သတင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုရပ်တန့်ရေး ထိုင်းအပါအဝင် နိုင်ငံတကာက အရေးယူပေးရန် တော်လှန်ရေးအင်အားစုများတိုက်တွန်း မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေမှုများ ရပ်တန့်ရေး အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူလုပ်ဆောင်ဖို့ တော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်ပါတယ်။ ludunwayooမတ် 24, 2025
သတင်း ဝိုင်းမော်မြို့နယ်တွင် KIAပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာအနီး၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့(မတ်လ ၂၄ရက်)အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ ludunwayooမတ် 24, 2025