Connect with us

Hi, what are you looking for?

သတင်း

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ စစ်ကိုင်းဒေသခံတွေ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၃၁)မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

မေ ၃၁၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၃၁)မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ ဆန္ဒထုတ်ဖော်မှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ၅/ဆလကလူထုသပိတ်စစ်ကြောင်းက လူသားမဆန်သော စစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးနိုင်ဖို့ “Voet lLo Article 33 to Save Llves” စာသားနဲ့ လှုပ်ရှားမှုဖော်ဆောင်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း စစ်ရာဇဝတ်မှုတွေကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူပေးရေး ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်းနဲ့ ပြည်သူတွေက ဒီနေ့ညနေမှာ ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြပွဲမှာ “Vote ILO Article 33 to save LIVES” စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း ပင်မသပိတ်အင်အားစုက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းရဲ့ ပုဒ်မ (၃၃)အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ဖို့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး “ILO implement Article 33 On Myanmar Now 2025” စာတန်းနဲ့ တောင်းဆိုမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

လက်ပံတောင်းတောင်ဒေသမှာလည်း လူထုသပိတ်ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ “Vote ILO Article 33 to save LIVES” စာသား ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ကလေးမြို့နယ်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတကာမှ အ​ရေးယူ​ဆောင်ရွက်မှုများပြုလုပ်ရန် အထူးလိုအပ်​နေဟုတိုက်တွန်း