Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမြို့တွင် မြစ်​ရေတက်၍ ​မြေနိမ့်ပိုင်းရပ်ကွက်​နေပြည်သူများကိုညတွင်းချင်း​ရွှေ့​ပြောင်း

မြစ်ကြီးနားမြို့တွင် ယ‌နေ့(မေလ ၃၁ရက်)ညပိုင်း၌ ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်လာပြီး မြေနိမ့်ပိုင်းရပ်ကွက်များမှဒေသခံများကို လူမှုကူညီ ရေးအဖွဲ့များက ညတွင်းချင်းရွှေ့ပြောင်းပေးနေသည်။

​မေ-၃၁၊၂၀၂၅။ကဖေး/People’s Spring

မြစ်ကြီးနားမြို့တွင် ယ‌နေ့(မေလ ၃၁ရက်)ညပိုင်း၌ ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်လာပြီး မြေနိမ့်ပိုင်းရပ်ကွက်များမှဒေသခံများကို လူမှုကူညီ ရေးအဖွဲ့များက ညတွင်းချင်းရွှေ့ပြောင်းပေးနေသည်။

ကြက်ပေါင်ခြံ၊စီတာပူ၊လယ်ကုန်နှင့်ရမ်ပူရပ်ကွက်အပါအဝင် မြေနိမ့်ပိုင်းနေရာများအား ရေဝင်လာ၍ အရေးပေါ်ရွှေ့ပြောင်းပေးနေရခြင်းဖြစ်သည်။

“ရေကဆက်တက်ဖို့ပဲရှိတယ်။ အထက်ရေးအရမ်းများတယ်။မနှစ်က မိုးတွင်းကလည်း အထိနာထားတော့ ကြောက်နေကြတယ်”ဟု စီတာပူရပ်ကွက်​နေဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်သည် ၁၂၀၀ စင်တီမီတာ(၃၉ပေခန့်)ဖြစ်ပြီး ​မေ ၃၁ရက်ည ၁၁နာရီခွဲတွင် ၁၀၁၈စင်တီမီတာ(၃၃ပေခန့်)သို့ ရောက်ရှိနေပြီဖြစ်သည်။

မြစ်ကြီးနားမြို့သည် ဧရာဝတီမြစ်ရေအတက်ကြမ်းပြီး မြစ်အထက်ပိုင်းမိုးကောင်းပါက တစ်နေ့တည်း ၁၀ ပေမှ ၁၃ပေအထိမြင့်တက်‌လေ့ရှိသည်။

ဧရာဝတီမြစ်ဖျားပိုင်းဒေသများဖြစ်သည်မေခ ၊မလိခမြစ်ဆုံရာဒေသများ၊ ပူတာအိုခရိုင်အတွင်းမြို့နယ်များ၊ တရုတ်နှင့်ထိစပ်နေသော ပန်ဝါ၊ဆော့လော်မြို့တို့အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသော မြို့နယ်များတွင် မေလ ၂၅ရက်မှ စ၍ မိုးရွာခဲ့ပြီးမေလ ၃၁ရက်ည‌အထိ မိုးကောင်းနေသည်။

ကချင်ပြည်နယ်အတွင်း ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့တို့တွင် ရေကြီးပြီး စစ်ဘေးရှောင်စခန်းများနှင့် နေအိမ်ပျက်စီးမှုများရှိနေသည်။ တရုတ်နယ်စပ်ဒေသများ၌လည်းမြေပြိုမှုဘေးရင်ဆိုင်နေရသည်။

မြစ်ကြီးနားမြို့အပါအဝင် ဧရာဝတီမြစ်ကမ်းဘေးမြို့များ ရေတက်လာနိုင်ကြောင်း လက်ရှိရေဘေးကြုံနေသော ဒေသမှ ဒေသခံများကပြောသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့်၂၀၂၄ခုနှစ် ဇူလိုင်လက ဆိုးရွားသည့် ရေဘေးကြုံတွေ့ခဲ့သည်။ လူဆယ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ရေးဘေးသင့်ပြည်သူ ထောင်ချီရှိခဲ့သည်။

Video – ချီဆောင်ခြင်းလူမူကူညီရေးအသင်း

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကို အာဏာသိမ်းစစ်တပ်က ယာဉ်အစီးရေ ၂၀၀ ခန့်နဲ့ အင်အားဖြည့်တင်းလာလို့ ခုခံတိုက်ပွဲတွေရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဇွန် ၁ရက် မနက်မှာ ပြောပါတယ်။