Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ဟာ အာရှတိုက်မှာ စစ်အင်အားကို ထုတ်သုံးဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးပြော

အာရှတိုက်မှာ စစ်အင်အားကို ထုတ်သုံးဖို့ တရုတ်က ပြင်ဆင်နေကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က သတိပေး ပြောကြားသွားခဲ့ပါတယ်။

Reuters

အာရှတိုက်မှာ စစ်အင်အားကို ထုတ်သုံးဖို့ တရုတ်က ပြင်ဆင်နေကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က သတိပေး ပြောကြားသွားခဲ့ပါတယ်။

အာရှတိုက်မှာ ဩဇာဖြန့်ကျက် လွှမ်းမိုးမှု ဟန်ချက်ကို ထိန်းညှိဖို့ ရည်ရွယ်ပြီး စစ်အင်အားကို အသုံးချဖို့ တရုတ်က ပြင်ဆင်နေတယ်ဆိုတာ အခိုင်အမာ ယုံကြည်ရတယ်လို့ မေလ ၃၁ ရက်နေ့မှာ ဟက်ဂ်ဆက်သ်က ဆိုပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကို ဦးဆောင်နေသူ ဟက်ဂ်ဆက်သ်ဟာ စင်ကာပူ နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ လုံခြုံရေး ဖိုရမ်တစ်ခုကို တက်ရောက်နေစဉ် အတောအတွင်း အခုလို စွပ်စွဲခဲ့တာပါ။ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာချိန်ကစလို့ တရုတ်အစိုးရနဲ့ ကုန်သွယ်ရေး၊ နည်းပညာ၊ မဟာဗျူဟာ လွှမ်းမိုးရေးဆိုင်ရာ အားပြိုင်မှုတွေက ဆက်တိုက် အရှိန်မြင့်တက်လာနေပါတယ်။

ဟက်ဂ်ဆက်သ်ရဲ့ စွပ်စွဲမှုနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ချက်ချင်း ငြင်းဆိုခဲ့ပါတယ်။ ဒါဟာ တရုတ်နဲ့ ထိုင်ဝမ်ကြားက ပြဿနာကို အသုံးချပြီး တရုတ်ကို ခြေချုပ်မိအောင် အမေရိကန်က ကြိုးစားနေတဲ့ အကြံအစည် တစ်ခုသာ ဖြစ်တယ်လို့ တရုတ်ဖက်က တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရှန်ဂရီလာ လုံခြုံရေး ညီလာခံမှာတော့ ဟက်ဂ်ဆက်သ်က တရုတ်ရဲ့ ခြိမ်းခြောက်မှုဟာ တကယ်စစ်မှန်ပြီး ပိုမို နီးကပ်လာနေကြောင်း၊ အင်ဒို-ပစိဖိတ် ဒေသရဲ့ ဩဇာလွှမ်းမိုးမှု ချိန်ခွင်လျှာကို ပြောင်းလဲနိုင်ရေးအတွက် တရုတ်ဟာ စစ်အင်အားကို ထုတ်သုံးဖို့ စီစဉ်နေကြောင်း အတော်လေး ခိုင်ခိုင်မာမာ တွေ့လာရတယ်လို့ သူက ဆိုပါတယ်။ နောက်ပြီး တရုတ် စစ်တပ်ဟာ ထိုင်ဝမ်ကို ကျူးကျော်ဖို့အတွက် လက်တွေ့ ပြင်ဆင်မှုမျိုး အခြေအနေ တစ်ခုခုကိုလည်း လိုလားနေဟန် ရှိတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အမေရိကန်ဟာ တရုတ်ကို ထိန်းချုပ်ချင်တဲ့ ရည်ရွယ်ချက်အတွက် ထိုင်ဝမ်ကို အသုံးချနေတာမျိုး မလုပ်သင့်သလို မီးနဲ့ မကစားသင့်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ တရုတ်ဟာ ရှန်ဂရီလာ ညီလာခံဆီကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ပေမယ့် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထိပ်ဆုံးအဆင့် အရာရှိတွေတော့ မပါဝင်ခဲ့ပါဘူး။

တရုတ် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်တဲ့ ရေတပ် နောက်တန်း သေနာပတိ တစ်ဦးဖြစ်သူ ဟာကွမ်ဖန်းက ဟက်ဂ်ဆက်သ်ကို တိုက်ရိုက် မရည်ညွှန်းပေမယ့် တချို့နိုင်င့တွေရဲ့ အပြုအမူတွေဟာ ပြဿနာကို ဖန်တီးပြီး သွေးကွဲမှုတွေ၊ ပဋိပက္ခတွေကို နက်ရှိုင်းအောင် မွှေနှောက်နေကြောင်း၊ အကျိုးဆက်အဖြစ် အာရှ-ပစိဖိတ် ဒေသမှာ မတည်ငြိမ်တဲ့ အခြေအနေတွေကို ပေါ်ပေါက်လာစေနိုင်ကြောင်း သတိပေးသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

Facebook