သတင်း ဝိုင်းမော် ခလရ(၅၈)တပ် ကာကင်း ၂ခုသိမ်းရထားဟု KIAပြော ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကျန်နေတဲ့ စစ်ကောင်စီရဲ့ ခလရ(၅၈)တပ်ရင်းရဲ့ ကာကင်းစခန်း ၂ခုကို သိမ်းရထားတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 7, 2026
သတင်း ကောလင်းမြို့နယ်အနီး တိုက်ပွဲပြင်းထန်နေ စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အရှေ့ခြမ်း၊ကျောက်တန်းရွာအနီးမှာ ဒီနေ့(ဖေဖော်ဝါရီ၆ရက်) မနက်ပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 7, 2026
သတင်း မိုးမိတ်မြို့က စစ်ကောင်စီလက်နက် သိုလှောင်ရုံကို PDF ပူးပေါင်းတပ်တွေ ဗုံးကြဲဖျက်ဆီး ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ စစ်ကောင်စီလက်နက်ခဲယမ်းတွေ သိုလှောင်ထားတဲ့ အဆောက်အအုံကို PDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲဖျက်ဆီးလိုက်ပါတယ်။ ludunwayooဖေဖော်ဝါရီ 7, 2026
သတင်း ဇေယျ၀တီသကြားစက်အနီး စစ်တပ်ဂိတ် PDF တိုက်ခိုက်မှု တပ်ကြပ်ကြီးတစ်ဦးသေ၊ လက်နက် ၂လက်သိမ်းရ ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဇေယျဝတီသကြားစက်အနီးရှိ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးသေဆုံးပြီး လက်နက်အချို့ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနက ဖေဖော်ဝါရီ ၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ludunwayooဖေဖော်ဝါရီ 7, 2026
သတင်း တိုက်ပွဲဖြစ်နေလို့ ဖရူဆို- ထားလဲ- နန်းဖဲ-ဘောလခဲ လမ်းမကြီး အသုံးမပြုဖို့ KNDF သတိပေး တိုက်ပွဲတွေဖြစ်နေလို့ ဖရူဆို- ထားလဲ- နန်းဖဲ-ဘောလခဲ လမ်းမကြီးကို လုံးဝအသုံးမပြုဖို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ထုတ်ပြန်ပါတယ်။ ludunwayooဖေဖော်ဝါရီ 7, 2026
သတင်း ရွှေတူးတာဆန္ဒပြလို့ ကိုးကန့်တပ်ဖမ်းထားတဲ့ လားရှိုးဒေသခံတွေကိစ္စ SSPP နဲ့ MNDAA ဒီနေ့ ဆွေးနွေးမယ် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာက ရှမ်းဒေသခံတွေကို ကိုးကန့်တပ်မတော်(MNDAA)က ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ MNDAA တို့ ဒီကနေ့ ဖေဖော်ဝါရီ ၆ရက်မှာ ဆွေးနွေးဖို့ရှိတယ်လို့ ဒေသ သတင်းရင်းမြစ်အချို့နဲ့ SSPP က ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 7, 2026
သတင်း စစ်တပ်က မြစ်ကြီးနား-ရွှေဘိုလမ်းက ရွှေကိုးပင်ဂိတ်ကို ရက်အကန့်သတ်မရှိပိတ်လို့ကားအစီးရေရာချီပိတ်မိ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့အနီးက ရွှေကိုးပင်ဂိတ်ကိုစစ်တပ်ကပိတ်ထားပြီး ကျောက်တန်းရွာမှာလည်းတိုက်ပွဲဖြစ် နေလို့ ကားအစီးရေ ထောင်နဲ့ချီပြီး ပိတ်မိနေတယ်လို့ ကုန်ကား မောင်းသူ အချို့ နဲ့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 7, 2026
သတင်း ပေါက်မှာ စစ်တပ်က စစ်ကြောင်းထိုးပစ်ခတ်လို့ ပြည်သူ ၅ထောင်ကျော် တိမ်းရှောင်နေရ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-)က စစ်ကြောင်းထိုးပြီး ဂျက်ဖိုက်တာနဲ့ပါ ပစ်ခတ်နေလို့ ကျေးရွာ ၆ရွာက ဒေသခံပြည်သူ ၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ludunwayooဖေဖော်ဝါရီ 7, 2026
သတင်း မြန်မာအပေါ် အမေရိကန်ရဲ့အရေးပေါ်အခြေအနေ သက်တမ်း တစ်နှစ် ထပ်တိုး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ အရေးပေါ်အခြေအနေ(National Emergency)ကို တစ်နှစ်သက်တမ်းတိုးမြှင့်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါတယ်။ ludunwayooဖေဖော်ဝါရီ 7, 2026
နိုင်ငံတကာ နျူကလီးယား ထိန်းချုပ်ရေး စာချုပ်ထဲ ဝင်ပါမှာမဟုတ်ကြောင်း တရုတ်ပြော စူပါပါဝါ နိုင်ငံကြီးတွေရဲ့ နျူကလီးယား ထိန်းချုပ်ရေး စာချုပ်သစ်တစ်ခု ချုပ်ဆိုရေး သဘောတူညီချက်မှာ ပါဝင်ဆွေးနွေးဖို့ တောင်းဆိုမှုတွေကို တရုတ်က ငြင်းဆိုသွားခဲ့ပါတယ်။ ludunwayooဖေဖော်ဝါရီ 7, 2026