Connect with us

Hi, what are you looking for?

သတင်း

Amata က ဟိုတယ် ၂လုံး ထုတ်ရောင်း‌

မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းစုကြီး Amata က ဟိုတယ် ၂လုံး ထုတ်ရောင်း‌တော့မယ်လို့ သတင်းရရှိပါတယ်။

ဇူလိုင်-၂၄ ၊ ၂၀၂၆။ဇော်ဝင်း/People’s Spring

မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းစုကြီး Amata က ဟိုတယ် ၂လုံး ထုတ်ရောင်း‌တော့မယ်လို့ သတင်းရရှိပါတယ်။

အခု ဇူလိုင် ၂၁ ရက်က Amata Holding Public ကုမ္ပဏီ အစည်းအဝေးဆုံးဖြတ်ချက်မှာ အစုရှယ်ယာရှင်တွေရဲ့ ‌သဘောတူညီတဲ့ အတည်ပြုချက်နဲ့ ဟိုတယ် ၂ခုကို ထုတ်ရောင်းမှာလို့ သိရပါတယ်။

လုပ်ငန်းဝင်ငွေနဲ့ လုပ်ငန်းလည်ပတ်မှုကို သိသာထင်ရှားတဲ့ သက်ရောက်မှုမရှိတော့တာကြောင့် လုပ်ငန်းစုပိုင်ဟိုတယ်တွေဖြစ်တဲ့ Amata Resort & Spa (Andaman)နဲ့ My Bagan Residence by Amata ကို ရောင်းချလွှဲပြောင်းဖို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဟိုတယ် ၂ခုဟာ ကော့သောင်းနဲ့ ပုဂံဒေသမှာရှိပြီး လွန်ခဲ့တဲ့ ၈နှစ်၀န်းကျင်က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

၁၉၉၃က ဦး၀င်းအောင်တည်ထောင်ခဲ့တဲ့ AMATA ဟိုတယ်လုပ်ငန်းစုက နိုင်ငံရဲ့ အဓိကခရီးသွား ဒေသတွေ ဖြစ်တဲ့ ပုဂံ၊ အင်းလေး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် အပါအဝင် ငပလီကမ်းခြေတွေမှာဟိုတယ်လုပ်ငန်းတွေရှိပါတယ်။

ဒါ့အပြင် Myanmar Oriental Ballooning မီးပုံးပျံ ပျံသန်းလုပ်ငန်း၊ခရီးသွားနဲ့ဆက်စပ်တဲ့ လုပ်ငန်း‌တွေကို လုပ်ကိုင်နေပါတယ်။

ဟိုတယ် ၂ခု ရောင်းချမယ့် ပမာဏနဲ့ လုပ်ငန်းစဉ်အသေးစိတ်ကို Amata Holding Public ကုမ္ပဏီထံ လူထု‌နွေဦးက ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁​ဖေ​ဖော်ဝါရီက စပြီး မြန်မာနိုင်ငံကိုနိုင်ငံခြားသားခရီးသွားလာရောက်လည်ပတ်မှု မရှိသ​လောက်နည်းသွားတဲ့အတွက် ဟိုတယ်​တွေ ၊ခရီးသွားလုပ်ငန်းအများစုရပ်ဆိုင်းသွားသလို ၊အချို့ ဟိုတယ်လုပ်ငန်း​တွေဟာ ပြည်တွင်းခရီးသွားလုပ်ငန်းကိုအားထားလည်ပတ်​နေကြရပါတယ်။ ဒါအပြင် ရန်ကုန် ၊မန္တ​လေးမြို့ကဟိုတယ် အချို့ဟာ ကျားဖြန့်လုပ်ငန်း​တွေကို ငှားရမ်းလုပ်ကိုင်ခွင့်​ပေး​နေတယ်လို့​ဒေသခံပြည်သူ​တွေက​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရေကြည် နဲ့ လေးမျက်နှာမြို့နယ်​တွေမှာတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်တပ်က ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာရှိတဲ့ဟိုတယ်နဲ့တည်းခိုခန်းတွေကို ရှောင်တခင်ဝင် စစ်ဆေးပြီးနေ့စဉ်တည်းခိုသူစာရင်းတွေ မဖြစ်မနေပေးဖို့ ဖိအားပေးနေပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်​တောက်ရက်ရက်စက်စက်သတ်ခဲ့တဲ့တရားခံကိုဖမ်းမိပြီလို့ စစ်​​ကောင်စီကကြေညာခဲ့ပေမယ့် ကျူးလွန်သူနဲ့ကူညီသူ​တွေဟာ ဆယ်​ကျော်သက်အရွယ်လူငယ်တွေဖြစ်‌နေတာကြောင့် ကျူးလွန်သူမှန်ရဲ့လားဆိုတဲ့​အ​ပေါ် ပြည်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။

သတင်း

TNLA ၊ KIA အပြင်အပစ်ရပ်ထားသော MNDAA ပါ ရှိနေသောကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယ​နေ့နံနက် အစောပိုင်းတွင်လေကြောင်းမှ ဗုံးကြဲ၍ အရပ်သား ​ခြောက်ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့က ရွှေလိပ်ပြာဟိုတယ် လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။