Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆော်ဒီကို ကာကွယ်ဖို့ စစ်တပ်တွေ စေလွှတ်နိုင်ရေး အီဂျစ်လွှတ်တော် ခွင့်ပြု

ဆော်ဒီအာရေးဘီးယား နိုင်ငံကို ကူညီ ကာကွယ်ဖို့ တပ်တွေ စေလွှတ်ပေးရေးအတွက် အီဂျစ် လွှတ်တော်က သမ္မတကို ခွင့်ပြုပေးလိုက်ပါတယ်။

ဓာတ်ပုံ - Reuters/File

ဆော်ဒီအာရေးဘီးယား နိုင်ငံကို ကူညီ ကာကွယ်ဖို့ တပ်တွေ စေလွှတ်ပေးရေးအတွက် အီဂျစ် လွှတ်တော်က သမ္မတကို ခွင့်ပြုပေးလိုက်ပါတယ်။

ဆော်ဒီကို ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်ဖွဲ့က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာတဲ့နောက် အီဂျစ် သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီက ဆော်ဒီပိုင်နက် လုံခြုံရေးကို ကူညီ ကာကွယ်ပေးဖို့ အီဂျစ်တပ်တွေ စေလွှတ်ခွင့်ရရေး လွှတ်တော်ကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ အီဂျစ် အောက်လွှတ်တော်က သမ္မတရဲ့ အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့တဲ့နောက် တပ်တွေ စေလွှတ်ရေးကို အမတ်အားလုံးရဲ့ သုံးပုံနှစ်ပုံလောက်က ထောက်ခံ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော် ထုတ်ပြန်ချက်မှာတော့ သမ္မတ အယ်လ်စီစီ အနေနဲ့ ဆော်ဒီကို အကူအညီ ပေးနိုင်ရေး လိုအပ်တဲ့ အခွင့်အာဏာတွေကို ရရှိသွားမယလို့ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီဂျစ်လွှတ်တော်ဟာ အယ်လ်စီစီကို အားပေးထောက်ခံတဲ့ နိုင်ငံရေးသမား အများစု ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုကိစ္စက ထိလွယ်ရှလွယ် ပြဿနာမျိုးမို့လို့ သမ္မတ တောင်းဆိုမှုကို ချက်ချင်း မလိုက်လျောဘဲ လျှို့ဝှက် အစည်းအဝေး သုံးကြိမ် ပြုလုပ်ခဲ့သလို မဲပေးဆုံးဖြတ်မှုကို ၂ ကြိမ် ရွှေ့ဆိုင်းခဲ့ပါတယ်။

အီဂျစ် အနေနဲ့ ဆော်ဒီကို ဘယ်လောက် အတိုင်းအတာထိ ကာကွယ်ရေး အစီအမံတွေ ပံ့ပိုးမလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အီဂျစ်ဟာ အာရပ်ကမ္ဘာမှာ အကြီးမားဆုံး စစ်အင်အားကို ပိုင်ဆိုင်ပြီး သိန်းနဲ့ချီတဲ့ အမြဲတမ်း တပ်ဖွဲ့ဝင်တွေ၊ များပြားတဲ့ တိုက်လေယာဉ်တွေ၊ အမျိုးမျိုးသော လေကြောင်းကာကွယ်ရေး စနစ်တွေကို ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ အီဂျစ်ရဲ့ စစ်လက်နက်တွေကို အမေရိကန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားစတဲ့ ကွဲပြားတဲ့ ရင်းမြစ်တွေဆီကနေ ဝယ်ယူထားတာပါ။

အယ်လ်စီစီကတော့ အီဂျစ်ရဲ့ စစ်ဆင်အားဟာ ဆော်ဒီ ပိုင်နက်နယ်မြေ လုံခြုံရေးကို ကူညီ ကာကွယ်ပေးဖို့ သက်သက်ပဲ ရည်ရွယ်ပြီး ယီမင်မှာ ဆော်ဒီစစ်တပ်က ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေအတွက် ပူးပေါင်းမှာ မဟုတ်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါတယ်။

အီဂျစ်က ပြောဆိုနေတာဟာ ဆော်ဒီရဲ့ ပိုင်နက်နဲ့ နယ်စပ်ကို ကာကွယ်ဖို့ တစ်ခုတည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ပြီးတော့ လက်ရှိ ဆော်ဒီနဲ့ ဟိုသီကြားက စစ်ရေး ပဋိပက္ခကို သံတမန်ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ အီဂျစ် အစိုးရက ပိုမို ထောက်ခံ အားပေးကြောင်း ဆိုပါတယ်။

ဆော်ဒီဟာ အီဂျစ်ရဲ့ ဆက်ဆံရေး အခိုင်မာဆုံး မဟာမိတ် နိုင်ငံဖြစ်သလို ၂၀၁၃ ခုနှစ်မှာ အယ်လ်စီစီ အာဏာရလာချိန် ကတည်းက သူ့ရဲ့ အီဂျစ်အစိုးရအတွက် ဘဏ္ဍာရေးဆိုင်ရာ အဓိက ကျောထောက်နောက်ခံ အကူအညီတွေ အများအပြား ပေးအပ်ထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား နိုင်ငံပိုင်နက်ထဲမှာ ဟိုသီပြောက်ကျားတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာခြင်းနဲ့အတူ နိုင်ငံတကာ ရေနံစျေးကလည်း မြင့်တက်လာပါတယ်။

နိုင်ငံတကာ

ဟိုသီတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ဆော်ဒီကို ကာကွယ်ပေးဖို့ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ ဗြိတိန် အစိုးရက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဆော်ဒီ အာရေးဘီးယား အစိုးရပိုင် ရေနံနဲ့ စွမ်းအင်လုပ်ငန်းစုကြီး Aramcoရဲ့ စီမံခန့်ခွဲရေး ပင်မရုံး အဆောက်အအုံ တစ်ခုကို ဟိုသီ ပြောက်ကျားတွေက တိုက်ခိုက်ခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

ဆော်ဒီအာရေးဘီးယားနိုင်ငံရဲ့ မြို့တော် ရိယာဒ် (Riyadh) ဟာ (၃) ရက်ဆက်တိုက် ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပြီး၊ ဒီဖြစ်ရပ်ဟာ ယီမင်စစ်ပွဲက ဆော်ဒီနိုင်ငံအတွင်း ပိုမိုနက်ရှိုင်းစွာ ရောက်ရှိလာတာကိုသာမကဒေသတွင်းလုံခြုံရေး၊ လေကြောင်းပို့ဆောင်ရေးနဲ့ စီးပွားရေးအပေါ်ပါ ကြီးမားတဲ့ သက်ရောက်မှုတွေ စတင်ပေါ်ပေါက်လာပြီဆိုတာကို ပြသနေပါတယ်။

Facebook