ဇူလိုင် ၂၄၊ ၂၀၂၆
People’s Spring
အစီးရေ မရေမတွက်နိုင်အောင် များလှတဲ့ လှည်းတွေဟာ ကုန်ပစ္စည်းတွေကို သယ်ဆောင်ရင်း ခရီးဆက်နေကြတယ်။ အဲဒီ လှည်းတွေဟာ လှည်းလမ်းကြောင်းတောင် မပီတဲ့ ခြုံကြိုအုံကြားကနေ တအိအိ သွားလာနေကြတာပါ။ အဲဒီမြင်ကွင်းကတော့ ကချင်ပြည်နယ်ထဲက ကွင်းလမ်းတနေရာမှာပဲ ဖြစ်ပါတယ်။ လှည်းသမားတစ်ဦးက သူ့ Tiktok ကနေဇူလိုင် ၂၃ ရက်က တင်ထားခဲ့တာပါ။
အဲဒီမြင်ကွင်းဟာ မြစ်ကြီးနား-မန္တလေးလမ်းပိုင်းဟာ နယ်မြေအခြေအနေတွေကြောင့် သွားလာလို့မရလို့ ကွင်းလမ်းတွေကနေတဆင့် ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်နေရတာဖြစ်ပါတယ်။ ကွင်းလမ်းတချို့ဟာ ကားဆက်သွားလို့ မရတဲ့လမ်းတွေဖြစ်တာကြောင့် လှည်းတွေငှားရမ်းကာ ပို့ဆောင်နေရတာဖြစ်ကြောင်း သိရပါတယ်။

Public Service Announcement
“ကားရော လှည်းရောထောင်ထားမှအဆင်ပြေမယ်”လို့ ကားသမားတစ်ဦးက အရွှန်းဖောက် မှတ်ချက်ပြုပါတယ်။
ကွင်းလမ်းတွေဟာ လမ်းမကောင်းတဲ့အပြင် မိုးရာသီဖြစ်လို့ လမ်းပျက်တာတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ဒါ့အပြင် ကွင်းလမ်းတွေပျက်လို့ လမ်းမှာပိတ်မိတာကြောင့် ကုန်ကျစရိတ်တွေ ပိုမိုကုန်ကျနေကြတယ်လို့ ကားသမားတွေက ပြောပါတယ်။
သယ်ဆောင်လာတာတွေဟာ ငါးဖော့ဖာတွေဖြစ်ပြီး ရက်ကြာကြာထားလို့မရတဲ့အတွက် လှည်းခအကုန်ခံပြီး ပို့ဆောင်နေရတာဖြစ်ကြောင်း သိရပါတယ်။


















































