ဝတ္ထုတို
နေသည် ကြဲကြဲတောက် ပူနေ၏။ ရွှေဝါသည် လှန်းထားသော ငရုတ်များ၏ အခြေအနေကို ကြည့်ရန် ခမောက်ကို ဆောင်းကာ တလင်းထဲ ထွက်လာလိုက်သည်။ ကောင်းကင်ကိုလည်း မော့ ကြည့်ရသေး၏။ အိမ်အပြင်ထွက်သည်နှင့် ကောင်းကင်ကို မော့ ကြည့်ရသည်မှာ ရွှေဝါတို့ တရွာလုံး၏ အကျင့်လိုပင် ဖြစ်နေပြီ။ ရွှေဝါ့အမေ...