Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်မှာ စစ်တပ်ဗုံးကြဲမှုတွေကြောင့် ဇွန်လအတွင်း အရပ်သား ၈ ဦးထက်မနည်းသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ

ချင်းပြည်နယ်အတွင်း စစ်တပ်က လေကြာင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇွန်လအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၈ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ပူးဇာထောင်းက ပြောပါတယ်။

(စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ငိုကြွေးနေစဉ်။ ဓာတ်ပုံ - Ministry Of Social Development, Government Of Chinland)

ဇူလိုင်-၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်အတွင်း စစ်တပ်က လေကြာင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇွန်လအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၈ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ပူးဇာထောင်းက ပြောပါတယ်။

ချင်းပြည်မှာ ဇွန်လအတွင်း အရပ်သား သေဆုံးထိခိုက် အခြေအနေကို ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဇူလိုင် ၉ရက်မှာ ထုတ်ပြန်ခဲ့ရာ အမျိုးသမီး ၃ဦး၊ အမျိုးသား ၅ဦး စုစုပေါင်း ၈ဦး စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု အသိပေးထားပါတယ်။

စစ်တပ် လက်ချက်ကြောင့် အရပ်သား ၁၇ဦး ဒဏ်ရာရရှိခဲ့ရာ လေကြောင်းဗုံးကြဲခံရမှုကြောင့် ၁၆ဦး၊ စစ်တပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ၁ဦး ဒဏ်ရာရခဲ့ပြီး မိုင်းနင်းမိတဲ့ ပြည်သူ ၁ဦး ခြေတဖက် ဆုံးရှုံးရတယ်လို့ လည်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“မင်းတပ်မြို့နယ် ၃ဦး၊ ကန်ပက်လက်မြို့နယ် ၅ဦးသေဆုံးပါတယ်။ ဇိုဖေရမ်းဒေသ ၆ဦးနဲ့ ကန်ပက်လက် စစ်ရှောင် ၁၀ဦး ဒဏ်ရာရတယ်။ဖလမ်းမြို့နယ်မှာ ၁ဦး နင်းမိုင်းထိတယ်” လို့ ဝန်ကြီး ပူးဇာထောင်းက ပြောပါတယ်။

အပြစ်မဲ့ ပြည်သူတွေအပေါ် အကြောင်းမဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် လုံး၀ ရှုတ်ချကြောင်းလည်း ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်ကို လေကြောင်း ပစ်ကူ အများအပြားသုံးထိုးစစ်ဆင်နေသလို ဟားခါးနဲ့ ထန်တလန်စတဲ့ ချင်းမြောက်ပိုင်းဒေသတွေကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ချင်းတောင်ပိုင်းက မင်းတပ်ဒေသကို အများဆုံးဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ ဇူလိုင် ၁၀ရက် မနက် အစောပိုင်းမှာ လည်း Y12 လေယာဉ်နဲ့ အတွဲလိုက်ဗုံးတွေ ၁၀ကြိမ် ဗုံးအလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။ ဒါ့အပြင် ကန်ပက်လက်မြို့နယ်ကိုလည်း စစ်တပ်က ဒီကနေ့မနက်မှာလည်း လေကြောင်းတိုက်ခိုက်နေတယ်လို့ ဒေသခံက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။