Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်မှာ စစ်တပ်ဗုံးကြဲမှုတွေကြောင့် ဇွန်လအတွင်း အရပ်သား ၈ ဦးထက်မနည်းသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ

ချင်းပြည်နယ်အတွင်း စစ်တပ်က လေကြာင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇွန်လအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၈ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ပူးဇာထောင်းက ပြောပါတယ်။

(စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ငိုကြွေးနေစဉ်။ ဓာတ်ပုံ - Ministry Of Social Development, Government Of Chinland)

ဇူလိုင်-၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်အတွင်း စစ်တပ်က လေကြာင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇွန်လအတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူ ၈ဦး သေဆုံးကာ ၁၇ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ပူးဇာထောင်းက ပြောပါတယ်။

ချင်းပြည်မှာ ဇွန်လအတွင်း အရပ်သား သေဆုံးထိခိုက် အခြေအနေကို ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဇူလိုင် ၉ရက်မှာ ထုတ်ပြန်ခဲ့ရာ အမျိုးသမီး ၃ဦး၊ အမျိုးသား ၅ဦး စုစုပေါင်း ၈ဦး စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု အသိပေးထားပါတယ်။

စစ်တပ် လက်ချက်ကြောင့် အရပ်သား ၁၇ဦး ဒဏ်ရာရရှိခဲ့ရာ လေကြောင်းဗုံးကြဲခံရမှုကြောင့် ၁၆ဦး၊ စစ်တပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ၁ဦး ဒဏ်ရာရခဲ့ပြီး မိုင်းနင်းမိတဲ့ ပြည်သူ ၁ဦး ခြေတဖက် ဆုံးရှုံးရတယ်လို့ လည်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“မင်းတပ်မြို့နယ် ၃ဦး၊ ကန်ပက်လက်မြို့နယ် ၅ဦးသေဆုံးပါတယ်။ ဇိုဖေရမ်းဒေသ ၆ဦးနဲ့ ကန်ပက်လက် စစ်ရှောင် ၁၀ဦး ဒဏ်ရာရတယ်။ဖလမ်းမြို့နယ်မှာ ၁ဦး နင်းမိုင်းထိတယ်” လို့ ဝန်ကြီး ပူးဇာထောင်းက ပြောပါတယ်။

အပြစ်မဲ့ ပြည်သူတွေအပေါ် အကြောင်းမဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် လုံး၀ ရှုတ်ချကြောင်းလည်း ချင်းပြည်အစိုးရ လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်ကို လေကြောင်း ပစ်ကူ အများအပြားသုံးထိုးစစ်ဆင်နေသလို ဟားခါးနဲ့ ထန်တလန်စတဲ့ ချင်းမြောက်ပိုင်းဒေသတွေကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ချင်းတောင်ပိုင်းက မင်းတပ်ဒေသကို အများဆုံးဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ ဇူလိုင် ၁၀ရက် မနက် အစောပိုင်းမှာ လည်း Y12 လေယာဉ်နဲ့ အတွဲလိုက်ဗုံးတွေ ၁၀ကြိမ် ဗုံးအလုံး ၄၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။ ဒါ့အပြင် ကန်ပက်လက်မြို့နယ်ကိုလည်း စစ်တပ်က ဒီကနေ့မနက်မှာလည်း လေကြောင်းတိုက်ခိုက်နေတယ်လို့ ဒေသခံက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။