Hi, what are you looking for?
အာဏာလု စစ်အုပ်စုလက်ထက် တရားဥပဒေစိုးမိုးမှုကင်းမဲ့သွားချိန် အဆိုးရွားဆုံး ဖြစ်ပွားလာတဲ့ ဖြစ်စဥ်တွေထဲမှာ သူခိုးသောင်းကျန်းတာတွေလည်း ထိပ်ဆုံးက ပါပါတယ်။ စစ်အုပ်စုဟာ သူခိုးတွေကိုတော့ ဖမ်းဆီးနိုင်ခြင်း၊ ဖမ်းဆီးခြင်း မရှိဘဲ ခေတ်ဆိုးခေတ်ပျက်ကြီးထဲ ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်နေရတဲ့ ပြည်သူတွေကိုတော့ အမျိုးစုံ ဒုက္ခပေးနေတာပါ။
■လက်နက်မျိုးစုံ ၁၃ လက်နဲ့ကျည်တွေသိမ်းရ၊စစ်သုံ့ပန်း ၂ ဦးဖမ်းမိ ဇေအောင်၊လူအေး/People’s Spring ရွှေဘိုလေ့ကျင့်ရေး (၈)ကနေ ခင်ဦးမြို့ကို တပ်အချိန်းအပြောင်းပြုလုပ်တဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အဝင်ရောအထွက်မှာပါ ပိတ်ဆို့တိုက်ခိုက်ခဲ့လို့ ဒုဗိုလ်မှူးကြီးအပါအဝင် သေဆုံးသူများပြားပြီး စစ်ကြောင်းပျက်သွားတယ်လို့သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ၁၈ရက်နေ့က ရွှေဘိုလေ့ကျင့်ရေး (၈)ကနေ ခင်ဦးမြို့ကို ဝင်ဖို့ကြိုးစားတဲ့စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက...